ခိုင်သင်းကြည်ဟာ မြန်မာနိုင်ငံထိပ်တန်းရုပ်ရှင်မင်းသမီးများထဲတွင်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဆယ်စုနှစ်တိုင်အောင် ပရိတ်သတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရယူထားနိုင်သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ကျရာဇာတ်ရုပ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ရွှေစင်ထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။  

အရာရာကိုနားလည်မှု ၊ တန်ဖိုးထားချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူမတို့မိသားစုလေးဟာ ပရိတ်သတ်များသာမကပဲ အနုပညာရှင်များစွာရဲ့အားကျခြင်းကို အပြည့်အဝရရှိထားတာပါ။ ဒါ့အပြင် တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးလေးဟာလည်း အမေတူသမီးချောလေးဖြစ်ပြီး အနုပညာလောကထဲကို တဖြည်းဖြည်းနဲ့ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထားပြီး သူမပါဝင် သရုပ်ဆောင်ထားတဲ့ " တရုတ်မလေးကိုချစ်တယ် " ဇာတ်ကားကြီးလည်း ရုံတင်နေပြီပဲ ဖြစ်ပါတယ်။

ပျော်ရွှင်ကြည်နူးမှုတွေနဲ့ တည်ဆောက်ထားကြတဲ့ ခိုင်သင်းကြည်လေးတို့မိသားစုလေးဟာ ချစ်သူများနေ့လေးမှာ မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုမန်တစ်ဆန်ဆန် ကုန်ဆုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မိသားစုသုံးယောက်စုံစုံညီညီနဲ့ညစာစားပြီး ကြည်နူးနေတဲ့ပုံရိပ်လေးတွေကလည်း ပရိတ်သတ်တွေကို အားကျစေတာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းလှတဲ့ ခိုင်သင်းကြည်တို့မိသားစုလေးရဲ့ကြည်နူးဖွယ်ရာ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်နော်။

Photo - Khine Thin Kyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။