ပရိသတ်ကြီးရေ.. ပေပီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး စူးရှထက်ကတော့ ပရိသတ်တွေနဲ့ အရမ်းကိုရင်းနှီးပြီးသားဖြစ်သလို အနုပညာလောကမှာလည်း အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ စကားပြောပန်နဲ့ အချိုးအစားကျပြီး လှပတဲ့အမိုက်စား ခန္ဓာကောက်ကြောင်း အလှတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားနေသလို မိန်းကလေးပရိသတ်တွေရဲ့ အမြင်အာရုံတွေကိုပါ ဖမ်းစားထားသူလေးဆိုလည်း မမှားပါဘူး..။

အနုပညာရှင်တစ်ဦးဖြစ်တာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုတွေအများဆုံးရရှိထားတဲ့ စူးရှထက်ကတော့ ပျော်ပျော်နေတတ်သူပီပီ အမြဲစနောက်တတ်တာလေးတွေကလည်း သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တော်လေး စူးရှထက်ကတော့ ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ကျရောက်လာတဲ့ ချစ်သူများနေ့လေးမှာလည်း Valentine Day အမှတ်တရအဖြစ် လက်ဆောင်လေးတွေလည်း ရရှိခဲ့ပါသေးတယ်..။

ချစ်ခင်ရသူတွေက အိမ်အထိအရောက်ပို့ပေးခဲ့တဲ့ Valentine လက်ဆောင်လေးတွေကြောင့်လည်း ပေပီလေးတစ်ယောက် ပျော်နေပြီး အမှတ်တရဓာတ်ပုံလေးတွေနဲ့လည်း သူမရဲ့အပျော်လေးတွေကို ပရိသတ်တွေကို မျှဝေထားသလို လက်ဆောင်လေးတွေအတါက်လည်း ကျေးဇူးတင်စကားလေးတွေ ပြောထားပါသေးတယ်..။

“အိမ်ထိရောက်အောင်ပို့ပေးတဲ့ လက်ဆောင်လေးတွေ

မုန့်ဖိုးပေးတဲ့ ဗိုလ်ကြီးတို့ လင်မယားလဲ

ဒီထက်မကပေးနိုင်ပါစေ

မရှိတဲ့ကြားကနေ ရအောင်

ဆွဲကြိုးနဲ့ hand chain လေးပေးတဲ့

သူငယ်ချင်းလဲကျေးဇူးပါ

ပျော်ပါတယ် အရမ်းကို ရမယ်လို့မထင်ထားခဲ့ပါဘူး..” ဆိုပြီး စူးရှထက်လေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားပြောထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - စူးရှထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။