Valentine Day မှာ Justin Bieber တစ်ယောက် ဘာတွေလုပ်နေလဲဆိုတာပရိသတ်ကြီးလဲ သိချင်မယ်လို့ထင်ပါတယ်။ VDay morning မှာတော့ Justin ဟာ သူ့မိန်းမဖြစ်သူ Hailey Baldwin ရဲ့ကြည့်ရှူစောင့်ရှောက်မှုအောက်မှာ ရှိနေခဲ့ပါတယ်။ သူဟာလဲ ခုချိန်မှာ စိတ်ဓာတ်ကျရောဂါကို ခံစားနေရပြီး ကုသနေရတာဖြစ်ပါတယ်။ Vday မနက်ပိုင်းမှာ သူမိန်းမက Dontus တွေသွားဝယ်နေချိန်မှာ သူဟာစိတ်ပြေလက်ပျောက်တစ်ယောက်တည်း နှင်းတောထဲမှာ basketball ကစားနေခဲ့ပါတယ်။ 

သူရဲ့မိန်းမဖြစ်သူကတော့ donuts တွေဝယ်ပြီး ပြန်လာတဲ့လမ်းမှာ post တင်ခဲ့ပါတယ်။ သူယောကျ်ား အနားယူပြီး စားနိုင်ဖို့ အဆင့်သင့်လုပ်ပေးနေတာ.....။ JB ကတော့ ပုံမှာတွေ့တဲ့အတိုင်းပါပဲ တစ်ယောက်တည်း Basketball ကိုပောျ်ပျော်ရွှင်ရွှင် ကစားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ Hailey တင်ခဲ့တဲ့ Post လေးကစာဟာဆိုရင်တော့ JB အတွက်ပျော်စရာဖြစ်ခဲ့မှာပါ။ သူမရေးထားတဲ့ စာလေးကတော့ 'Happy Valentine's Day, I'm bringin home the goods' ဆိုတာလေးပဲဖြစ်ပါတယ်။ 

သူမဟာဆက်လက်ပြီး နောက် post တစ်ခုကိုလဲတင်ခဲ့ပါသေးတယ်။ JB လဲခံစားနေရတဲ့ ရောဂါအခြေအနေကနေ ပြန်သက်သာ လာပြီဖြစ်ပါတယ်။ Hailey ကလဲ သူ့ကို ဂရုစိုက် စောင့်ရှောက်ပေးနေပါတယ်...သူမဟာလဲ JB ရဲ့အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး မှားနေတယ်ဆိုတာကို သိပါတယ်။ " JB ဟာအိပ်ပျော်တဲ့နေရာမှာ တော်တော်ကို မူမမှန်ဖြစ်နေပါတယ်....တခါတလေ အစောကြီးတွေထပြီ တခါတလေ နေ့လည်မှ ထနေကာ အိပ်ရာထဲမှာဆိုရင်လဲ အလူးလူးအလဲလဲ စိတ်ထဲမှာ ရုန်းကန်းနေရပါတယ် " လို့ အတွင်ူသတင်းသမားတွေကပြောခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။