ပရိသတ်တွေက ချစ်စနိုးတဲ့ ချီချီလို့ခေါ်ကြတဲ့ မော်ဒယ်မလေးမိုးမြင့်သဇင်ကတော့ အကြမ်းစား Sexy ပုံရိပ်တွေနဲ့ ပုရိသတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှု အပြည့်ရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကလည်း ပုရိသတွေရဲ့ အကြည့်တွေကို ဖမ်းစားထားနိုင်တဲ့ သူလေးဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိနေတဲ့ မိုးမြင့်သဇင်က ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အပြင် နောက်ထပ် အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်ပြီး နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်လာဖို့အတွက်လည်း အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့နိုင်မှာပါ။ အချစ်ရေးတွေကို သိပ်ပြီး စိတ်မဝင်စားတဲ့ သူမက ပရိသတ်နဲ့ အလုပ်တွေအတွက်ပဲ သူမရဲ့ အချစ်တွေကို ပေးထားပြီး တစ်ယောက်ထဲ လွတ်လပ်ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ အမိုက်စားပုံရိပ်တွေက ပရိသတ်တွေ မြင်တွေ့ရတဲ့ အတိုင်း sexy ဆန်ပြီး နိုင်ငံခြားသူလေးနဲ့ ပိုတူနေတာကို သတိထားမိမှာပါ။ ယခုလည်း နောက်ထပ် ဆန်းသစ်ပြီး ညို့အားပြင်းတဲ့ ဆွဲဆောင်မှုတွေနဲ့ ရိုက်ထားတဲ့ သူမရဲ့ ပုံရိပ်တွေကို ထပ်မံမြင်တွေ့ရမှာပါ။ ရှေးယခင်က အနောက်တိုင်းနိုင်ငံက မင်းသမီးလေးတစ်ပါးလို မြင်းကြီးကိုစီးပြီး အရမ်းကို ဆွဲဆောင်မှုတွေ ပြင်းထန်နေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။

Source:Moe Myint Thazin


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။