ပြည်တွင်းမှာ မကြာခဏဆိုသလို ဖြစ်ပျက်လျှက်ရှိတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေကို ပရိသတ်တွေလည်း ကြားဖူး၊ မြင်ဖူးကြမယ်ထင်ပါတယ်။ အဆိုပါ အဖြစ်အပျက်တွေထဲမှာ သက်ကြီးရွယ်အို အဘိုးအဘွားများရဲ့ ဘေးဒုက္ခဆိုးကြီးတွေကတော့ အဖြစ်များလျှက်ရှိတာတွေ့ရပါတယ်။ အသက်ကြီးအရွယ်အဘိုးအဘွားများရဲ့ ကူညီမဲ့ဖြစ်ရပ်တွေကြောင့် လမ်းမပေါ်နှင့် လူသူရှင်းဒေသတွေများစွာစွန့်ပစ်ခံရမှုတွေရှိနေတာပဲဖြစ်ပါတယ်။  

မကြာသေးမီကလည်း လှည်းကူးမြို့ရှိ အင်းတိုင်ကျေးရွာအနီးတွင် အဘိုးအိုတစ်ဦး လမ်းဘေးချုံကြားအနီးတွင် သေဆုံးနေကြောင်း သိရပါတယ်။ အဆိုပါ အဘိုးအိုရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်ကအင်းတိုင်ကျေးရွာအနီးတွေ့ရှိခဲ့တာဖြစ်ပဲဖြစ်ပါတယ်။ ၎င်းအဘိုးအိုကတော့ ပဲခူးတိုင်း အင်းတကော်မြို့ ( ၄ ) ရပ်ကွက်တွင် နေထိုင်သူဦး လှတင်အမည်ရှိပြီး ( အသက် - ၅၆ နှစ် ) ရှိသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ အဘိုးအိုရဲ့ ရုပ်အလောင်းကို လှည်းကူးမြို့ ကရုဏာရှင် အသင်းမှာသွားရောက်ကူညီခဲ့ကြောင်း သိရပါတယ်။ သေဆုံးမှုဖြစ်စဉ်နဲ့ အကြောင်းအရင်းကို မသိရှိရသေးပဲ စုံစမ်းမှုတွေဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။ အသက်အရွယ်ကြီးရင့်သူ ဘိုးဘွားများရဲ့ မသန်မာစဉ်အချိန်တွေမှာဖြစ်တက်တဲ့ ယခုကဲ့သို့ဖြစ်ရပ်မျိုးကို ချစ်ပရိသတ်တွေလည်း သတိပြုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photos - ကရုဏာရှင်အသင်း (လှည်းကူးမြို့)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။