ယောက်ျားလေးမိန်းကလေးပရိသတ်တွေရဲ့အားပေးမှုအပြည့်နဲ့မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့

မင်းသားတစ်လက်ဖြစ်နေတာကတော့အကယ်ဒမီမြင့်မြတ်ပဲဖြစ်ပါတယ်။သူရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်

တစ်နိုင်ငံလုံးကပရိသတ်တွေအားပေးနေရတာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းအမြဲလိုလိုပါဝင်ရိုက်ကူးနေရတာဖြစ်ပါတယ်။

ဟာသ၊လူကြမ်း၊မင်းသားစတဲ့ပုံစံအမျိုးမျိုးကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့်သူ့ရဲ့ဇာတ်ကားတိုင်းဟာ

ရုံအပြည့်ပရိသတ်တွေနဲ့အားပေးမှုရရှိထားတာဖြစ်ပါတယ်။ခုမှာတော့နိုင်ငံကျော်မင်းသား

တစ်ယောက်ဖြစ်တဲ့မြင့်မြတ်ကချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သားလေးကလည်းအမြဲပြုံးရွှင်နေတာကြောင့်ဖေဖေမေမေတို့တင်မကပရိသတ်တွေချစ်ခင်တဲ့သူတွေကချစ်မဝတွေဖြစ်နေရတာပါ။

သားလေးတစ်ယောက်နဲ့တူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပေမယ့်လည်း

ပရိသတ်တွေအတွက်လည်းအနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။ဒီနေ့မှာတော့

ပရိသတ်အချစ်တော်မြင့်မြတ်နဲ့သူဇနီးလေးတို့ရဲ့အိမ်ထောင်နှစ်သက်တမ်း၂နှစ်ပြည့်တဲ့နေ့လေးဖြစ်ပါတယ်။

ပရိသတ်တွေအတွက်လည်းသူတို့လွန်ခဲ့တဲ့၂နှစ်မင်္ဂလာဆောင်တဲ့ပုံရိပ်လေးတွေကိုလည်းအလွမ်းပြေတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။