ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်တုန်းက နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ မျိုးကျော်မြိုင်ရဲ့ နာမည်ကြီးသီချင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့ "မင်းမရှိတဲ့နေရာ" ဆိုတဲ့သီချင်းလေးကို ပရိတ်သတ်ကြီးသိကြမှာပါနော်။ ဆယ်စုနှစ်နီးပါးလောက်ကြာခဲ့ပြီးဖြစ်တဲ့ဒီသီချင်းလေးဟာ အခု၂၀၁၉ရဲ့အစမှာတော့ လုံးဝဆန်းသစ်တဲ့ပုံစံမျိုးနဲ့ပရိတ်သတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီနော်။

ဒီတခါမှာတော့သီချင်းလေးကိုသီဆိုတဲ့သူက မျိုးကျော့မြိုင်တစ်ယောက်တည်းမဟုတ်တော့ဘဲ မျက်နှာသစ်အဆိုရှင်လေးတစ်ယောက်ဖြစ်တဲ့ ဖြူဖွေးဆိုတဲ့ အဆိုတော်မလေးနဲ့တွဲဖက်သီဆိုထားခဲ့ပါတယ်။သီချင်း Beat Typeကတော့Remixဆန်ဆန် လေးဖြစ်သွားခဲ့ပြီးတော့ DJ playerတစ်ယောက်ဖြစ်တဲ့ Double Uက ပြန်လည်ဆန်းသစ်ထားခဲ့ခြင်းပဲဖြစ်ပါတယ်နော်။

‌ဒီသီချင်းလေးဟာ Music videoလေးအနေနဲ့ပါတစ်ခါတည်းထွက်ရှိလာခဲ့ပြီးတော့ လတ်တလောမှာနာမည်ကြီးနေတဲ့ မော်ဒယ်သရုပ်ဆောင်မလေး အိမ့်ထရက်သျှာကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ အိမ့်ထရက်သျှာဟာ ဒီသီချင်းလေးထဲမှာ ပရိတ်သတ်တွေမြင်နေကျ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့မဟုတ်ဘဲ ပုံစံတစ်မျိုးလေးနဲ့ ထူးထူးခြားခြားလေး သရုပ်ဆောင်ထားပါတယ်နော်။ ဒီသီချင်းဗီဒီယိုလေးဟာ တင်တင်ပြီးချင်မှာပဲကြည့်ရှုသူတွေများပြားခဲ့ရပါတယ်။ အရင်ကတည်းကအောင်မြင်ခဲ့တဲ့သီချင်းလည်းဖြစ်လို့ ပုံစံတမျိုးလေးနဲ့ဆန်းသစ်ထားတဲ့ ဒီသီချင်းလေးကို အားပေးတဲ့ပရိတ်သတ်တွေတပုံတပင်ဖြစ်ခဲ့ရပါတယ် ပရိတ်သတ်ကြီးရေ....

Source : Double U

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။