Hailey Baldwin ဟာ Justin Bieber ဆိက နာမည်ခံယူဖို့ သူမအဖေဆိက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ခွင့်တောင်းယူခံကာ.....Hailey Bieber ဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Hailey စာဆိုရင် သူမရဲ့ BFF Kendall Jenner နဲ့အတူ အင်တာဗျူးအစီအစဉ်တစ်ခုလုပ်ခဲ့ကာ အဲ့အစီအစဉ်မှာ သူမယောက်ျားနဲ့ လက်ထပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြောပြသွားခဲ့ပါတယ်။ အဲ့အစီအစဉ်မှာ စကားတွေပြောနေကြရင်း Hailey ဟာ သူမကြုံခဲ့ရတဲ့ ကိစ္စတွေကိုပြောပြခဲ့ပါတယ်။  

အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ Hailey ဟာ သူတို့အသက်အရွယ်နဲ့ လက်ထပ်ရတာ ငယ်နေသေးပြီး ထိတ်လန့်စရာတစ်ခုဖြစ်ကြောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ပြတ်လိုက်တွဲလိုက် အချစ်ရေးဟာလဲ မပြီးပြတ်မရေရာ ထိတ်လန့်စရာကိစ္စတွေရှိခဲ့ပါတယ် လို့ပြောကြားခဲ့ပါတယ်။ ခုချိန်မှာလည်းသူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ခနတာစောင့်ဆိုင်းထားပြီး JB ရဲ့ကျန်းမာရေးအခြေနေကိုသာ အာရုံစိုက်နေပါတယ်။ JB ဟာလဲ Hailey ရဲ့ဂရုစိုက်မှုနဲ့အတူ ကုသမှုတွေခံယူနေပါတယ်။ 

Hailey က " အခုလိုအသက် ငယ်ငယ်လေးနဲ့လက်ထပ်ရတာ ထိတ်လန့်စရာ တစ်ခုပါပဲ....ဒါပေမဲ့ ကိုယ်ချစ်တဲ့သူနဲ့ တစ်သက်လုံးအတူတူနေရမယ်ဆိုတော့ ပျော်ရွင်စရာပါပဲ....ဘဝမှာ အဆင်မပြေမှုတွေရှိခဲ့ပေမဲ့ အချိန်တွေကြာလာရင် အာ့တွေက ပြန်အဆင်ပြေသွားမှာပါ....ဖြစ်လာတဲ့ ပြဿနာတွေက ခဏတာပါပဲ...တစ်သက်လုံးစွဲနေမှာ မဟုတ်ပါဘူး " လို့ပြောကြားခဲ့ပါတယ်။ အဲ့အစီအစဉ်ပြီးတဲ့နောက်မှတော့ သူမယောကျ်ားဖြစ်သူစီ Donuts ဝယ်ပြီး ပြန်လာခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။