စိတ်ကူးယဉ်စာအုပ် နဲ့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ အဆိုတော် ရွှေထူးကတော့ သီချင်းဆိုရတာဝါသနာပါသလို တက်တူးထိုးရတာကို နှစ်သက်တဲ့ပုံပါပဲ။

Oppo ရဲ့ သံတမန်တစ်ဦးဖြစ်တဲ့ ရွှေထူးက မနေ့က ကျင်းပတဲ့ Oppo F3ပွဲကိုလည်း တက်ရောက်ခဲ့ပြီး အခြားသောအနုပညာရှင်များနဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

လက်တလောမှာတော့ တက်တူးထိုးရတာကိုနှစ်သက်တဲ့ ရွှေရွှေဟာ ကျောပြင်မှာ လွတ်နေတဲ့နေရာကို တက်တူးဒီဇိုင်းသစ် ထပ်မံထိုးခဲ့သေးတယ်လို့ သူ့ရဲ့ ဖေ့ဘုတ်မှာ တင်ထားပါတယ်။

ကိုယ်ပိုင်သံစဉ် သီချင်းလေးတွေနဲ့ လူငယ်အများစုရဲ့ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ ရွှေထူးကတော့ အောက်ခြေကနေ ယခုအချိန်ထိ အောင်မြင်မှုနေရာ တစ်နေရာရလာပေမယ့် သူ့ကိုသူ အမြဲတမ်းနှိမ့်ချပြောဆိုတာကိုတော့ အမာခံပရိသတ်တွေ သတိထားမိကြမှာပါ။

မနေ့ကတက်ရောက်ခဲ့တဲ့ Oppo ပွဲမှာ သူပါဝင်တဲ့ ဓာတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီးတော့လည်း “ကိုယ်တစ်ကောင်တည်း ကွက်မဲနေတယ်” သူ့ကိုသူ နှိမ့်ချကာ ့ ရယ်စရာပြောခဲ့ပါသေးတယ်။

ရွှေထူး ရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိလား..။

သတင်းအရင်းမြစ် HtooKhant wall

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။