ပရိသတ်ကြီးတို့ရဲ့ အချစ်တော် အဆိုတော်မလေး ပိုပိုကတော့ အမိုက်စားသီချင်း ကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်နော်..။

ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မလေးပိုပိုကတော့ ဖေဖော်ဝါရီ(၁၄)ရက်နေ့က ကျရောက်ခဲ့တဲ့ ချစ်သူများနေ့လေးမှာလည်း အများနဲ့မတူ တမူထူးခြားတဲ့ အမိုက်စားလက်ောဆင်လေးရရှိခဲ့လို ပိုပိုလေးတစ်ယောက် အရမ်းတွေကို ပျော်နေပါတယ်နော်..။

ရရှိခဲ့တဲ့ လက်ဆောင်လေးကတော့ ပိုပိုဆိုတဲ့ သူမရဲ့နာမည်လေးကို လက်ကောက်ဝတ်မှာ တတ်တူးထိုးခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ လက်ဆောင်လေးကြောင့် အရမ်းကို အံ့သြပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ..။

ပိုပိုကတော့ အမှတ်တရဓာတ်ပုံလေးနဲ့ “I got tattoo from someone Thank you bro..” ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့အတူ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေတဲ့ ပိုပိုကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတာကလည်း သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေထဲက တစ်ခုပါပဲနော်..။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။