ပရိတ်သတ်ကြီးရေ မင်းသားဇေရဲထက်ကတော့ အနုပညာလောကကို ဝင်ရောက်လာခဲ့ပြီး မဆုတ်မနစ်ကြိုးစားခဲ့တာဖြစ်လို့ အောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ဇေရဲထက်ရဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း အိုင်တင်သရုပ်ဆောင်ချက်တွေကောင်းလွန်းလို့ ပရိတ်သတ်ရဲ့ အားပေးကြည့်ရှုနှုန်းတွေများပါတယ်နော်။ဇေရဲထက်က အနုပညာအလုပ်တွေကို စလုပ်တဲ့ အချိန်ကတည်းက နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ဇေရဲထက်က သဘောကောင်းမနောကောင်းနဲ့ စိတ်သဘောထားဖြူစင်ပြီး အလှူအတန်းတွေလည်း ရက်ရောတဲ့အပြင် ပရိတ်သတ်တွေကိုလည်း အလေးထားတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။မိတ်ဆွေ အပေါင်းအသင်းပေါများပြီး လူမှုဆက်ဆံရေးလည်း ကောင်းသူတစ်ယောက်ပါ။ဇေရဲထက်က လက်တလောမှာ သူ့ကို အရမ်းအားပေးတဲ့ ပန်းတနော်က ကောင်မလေးဆီကို လက်ဆောက်ပစ္စည်းအစုံအလင်နဲ့ သွားရောက်တွေ့ဆုံခဲ့လို့ တစ်ရွာလုံးကို အုတ်အော်သောင်းနင်းနဲ့ ကြိုဆိုကြပါတယ်နော်။

ပရိတ်သတ်တွေကလည်း ဇေရဲထက်ရဲ့ မွန်မြတ်တဲ့ စိတ်စေတနာကို ချီးကျူးကြပြီး ပိုပိုပြီး ချစ်ခင်အားပေးလာကြပါတယ်။ဇေရဲထက်က ပရိတ်သတ်တွေကိုလည်း အလေးထားလို့ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အခိုင်အမာရရှိထားပါတယ်နော်။အခုဆိုရင်လည်း မင်းသားဇေရဲထက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ရင်း သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေ ဝိုင်းအုံလာတာကို အပြုံးမပျက်ဘဲ ဓာတ်ပုံတွေလည်း အတူတူတွဲရိုက်ပေးပြီး ပျော်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။