ဝါရင့်သရုပ်ဆောင် မင်းသားကြီး ကျော်သူကတော့ သူရဲ့အနုပညာတွေနဲ့ ပရိသတ်တွေကို အချိန်အတော်ကြာ လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ကျော်သူက ပရဟိတအလုပ်တွေကိုလည်း အားကြိုးမာန်တက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိShaw Brother Pictures Internation Ltd rS မှရိုက်ကူးတဲ့ "Line Walker-2 "ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးတာကြောင့် လမ်းအချို့ပိတ်ထားခဲ့ရပါတယ်။ အဆိုပါလမ်းပိတ်ထားတာနဲ့ပတ်သတ်ပြီး ဦးကျော်သူကတော့ " အော်... မြန်မာအနုပညာရှင်တွေက မြန်မာပြည်ထဲမှာရိုက်တော့ လေယာဉ်ကွင်း၊တက္ကသိုလ်၊ဆေးရုံတွေမှာရိုက်ချင်ပါတယ်ဆို ဝေးရော။ဘုရားမှာလည်း ဂေါပကကိုကြောက်ရ။လမ်းမှာဆိုလည်း ယာဉ်ကြောပိတ်မှုနဲ့ယာဉ်ထိမ်းရဲကိုကြောက်ရ။ " ဆိုပြီး ရေးသားထားပါတယ်။  

ရပ်ကွက်၊ရွာထဲမှာဆိုလည်း အုပ်ချုပ်ရေးနဲ့လမ်းမှူးကိုကြောက်ရ။သုဿန်ဆိုရင်လည်း သုဿန်ပိုင်နဲ့စည်ပင်ကိုကြောက်ရ နဲ့ဗျာ။ဈေးမှာဆိုရင်လည်း ဈေးခေါင်းနဲ့စည်ပင်ကိုကြောက်ရ။နောက် မြန်မာကားတွေကမပီပြင်ဘူး၊သဘာဝမကျဘူးအပြောခံရနဲ့ဗျာ။သူတို့ သူတို့က မြန်မာပြည်ထဲလာရိုက်တော့ လမ်းတွေပိတ်ပစ်၊ဆိုင်တွေပိတ်ပစ်၊ကားတွေတားပစ်နဲ့ ပြည်သူလူထုကိုဒီလိုသတိပေးချက်၊စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး သူတို့ သူတို့နဲ့ပူးပေါင်းပေးကြတယ်ဗျ။အော်...စေတနာတွေ စေတနာတွေ။သာဓု သာဓု ပါဗျာ။နောင်ဘ၀ လူသာပြန်ဖြစ်ရင် ဟောလီဝှစ်၊ဘောလီဝှစ်မှာ အနုပညာသည်သာဖြစ်ပါရစေတော့ဗျာ။ " ဆိုပြီးပြောထားပါတယ်။

source: kyaw thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။