အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Hero Gold Cup 2019ပြိုင်ပွဲကတော့ယခုမှာနောက်ဆုံးဗိုလ်လုပွဲတက်မယ့်အသင်းတွေထွက်ပေါ်လာပါပြီ။

ဒီပြိုင်ပွဲကိုတော့အိမ်ရှင်အိန္ဒိယအမျိုးသမီးအပါအဝင်နီပေါ၊အီရန်နဲ့မြန်မာအမျိုးသမီးလက်ရွေးစင်

အသင်းတွေပါဝင်ကစားကြတာဖြစ်ပါတယ်။မြန်မာအသင်းကတော့အိုလံပစ်ခြေစစ်ပွဲတွေမတိုင်ခင်ကြိုတင်ပြင်ဆင်မှုအနေနဲ့ယှဉ်ပြိုင်ခြင်းပဲဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စု၃ပွဲကစားခဲ့ပြီး၃ပွဲလုံးအနိုင်ရကာရဂိုးကလည်း၇ဂိုးထိရထားပြီးပေးဂိုးမရှိပဲနဲ့

ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။နီပေါအသင်းနဲ့အုပ်စုအဆင့်ပြိုင်ပွဲတုန်းကတွေ့ဆုံခဲ့ပြီးမြန်မာအသင်းက

၃ဂိုးပြတ်နဲ့ဂိုးပြတ်အနိုင်ရထားတာဖြစ်ပါတယ်။ဒီနေ့ကတော့အုပ်စုပွဲမဟုတ်ပဲဗိုလ်လုပွဲဖြစ်တာကြောင့်ပြိုင်ဆိုင်မှုပြင်းထန်မှာကျိန်းသေပါတယ်။

မြန်မာအသင်းနဲ့နီပေါအသင်းတို့ရဲ့ဗိုလ်လုပွဲကိုတော့ယနေ့ည၇နာရီမှာယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။

ပရိသတ်တွေကလည်းမြန်မာအသင်းရဲ့အောင်မြင်မှုတွေကိုပြန်လည်မြင်တွေရဖို့ရှိနေတာဖြစ်ပါတယ်။

ယနေ့ည၇နာရီမှာအမိမြန်မာနိုင်ငံကိုဆုဖလားကြီးဆွတ်ခူးပြီးပရိသတ်တွေကိုပျော်ရွှင်အောင်

စွမ်းဆောင်ပေးနိုင်မလားဆိုတာကတော့ပရိသတ်တွေစောင့်ကြည့်ရင်းနဲ့မြန်မာအမျိုးသမီးအသင်းကိုအားပေးကြပါဦးနော်။

SOURCE:mff


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။