သင့်ကိုဖုန်းဘဲပွတ်နေတာက တားမြစ်ပေးမဲ့ မျက်လှည့်ဘူးလေး

smartphone ဘဲအမြဲသုံးနေတဲ့လူတွေကို လက်ဆောင်ပေးချင်ရင်တော့ ဒီဘူးလေးက အကောင်းဆုံးလက်ဆောင်ဖြစ်မှာပါ။ အမ်စတာဒမ်အခြေစိုက် အဖွဲ့ကနေ ဖုန်းသုံးရတာ စွဲလမ်းနေတဲ့ လူတွေအတွက် ကိရိယာလေး ထုတ်လိုက်ပါပြီ။ ဒီဗူးလေးက ဒစ်ဂျစ်တယ်ဘူးလေးဖြစ်ပြီး အချိန်ပေးမှတ်ထားတဲ့အလျောက် သင့်ဖုန်းကို လော့ခ်ချပေးထားမှာပါ။ လော့ခ်က မိနစ်အနည်းငယ်ကနေ နာရီအထိ ကိုယ်ကြိုက်သလောက် အချိန်ပေးပြီး သော့ခတ်ထားနိုင်ပြီး အချိန်ပြည့်မှ သူ့အလိုလိုပွင့်လာမှာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ဒီစီမံကိန်းအတွက် ၁၈ရက်မှာတင် $44,700 ကျော်ရရှိနေပြီ ဖြစ်ပါတယ်။ ဒီကိရိယာလေးကို DistractaGone လို့အမည်ပေးထားပြီး အဖုံးဖွင့်ပြီး ဖုန်းကိုဘူးထဲထည့်ပြီး အချိန်မှတ်ပေးလိုက်ရုံပါဘဲ။ တစ်ပြိုင်တည်းဖုန်း ၄လုံးအထိ သိမ်းထားနိုင်ပြီး AA battery ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ 

သူများထက်ထူးချင်တဲ့ လူတွေအတွက်လည်း ရွှေရောင်နဲ့ limited edition ဘူးလေးတွေ ထုတ်ပေးထားပြီး အဲ့ကိရိယာမှာတော့ အသံပိုင်းဆိုင်ရာနဲ့ ဖုန်းဆက်သွယ်မှုကိုပါဖျက်တောက်ပေးတာတွေ ပါဝင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။