ပရိသတ်တွေစောင့်မျှော်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုကတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။ အချိန်အတော်ကြာ ရုံးတင်ခဲ့ရတဲ့ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိကျတဲ့အဖြေနဲ့ တရားခံဖြစ်သူတွေကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဒီကနေ့ မနက်ပိုင်းကချမှတ်ခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံရသော တရားခံဦးကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကိုတော့ တရားရုံးမှ မသေမချင်းကြိုးကွင်းစွတ်သတ်ရန် အမိန့်ချမှတ်ခဲ့ပြီး ဇေယျာဖြိုးကိုတော့ ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းကိုတော့ ထောင် ၃နှစ် ချမှတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှသိရပါတယ်။   

အဆိုပါ အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး မကျေနပ်သူများကိုလည်း တရားရုံးမှပြန်လည်ဖြေရှင်းမှုတွေပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ နှစ်အတော်ကြာပရိသတ်တွေကြားရှိခဲ့တဲ့ အဆိုပါ ဦးကိုနီအမှုကိုတော့ ဒီကနေ့မှာ အဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

pHOTOS - BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။