Selena Gomez လေးဟာဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။ သူမဟာ ခုချိန်မှာ Mexico ကနေပြန်လာခဲ့ပြီးပဲဖြစ်ကာ ဗုဒ္ဓဟူးနေ့က California ပြည်နယ် Orange County မှာ style ကျကျနဲ့ စိတ်လန်းဆန်းစွာထွက်ရှိလို့လာခဲ့ပါတယ်။ သူမကိုယ် ခုချိန်မှကြည့်ရတာ ပိုမိုချစ်ဖို့ကောင်းလာပြီး ပိုမိုလန်းဆန်လာတာကို တွေ့ရှိရပါတယ်။ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အနာဂာတ်လှဖို့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးနဲ့ ပျော်ရွှင်စရာ ကောင်မလေးတစ်ယောက်အနေနဲ့ နေနေတာကိုတွေ့ရပါတယ်။

သူမရဲ့ဝတ်ဆင်ထားပုံကတော့ အတွင်းက အပေါ်အောက် အမဲရောင်ဝတ်ထားပြီး အပေါ်ကနေ အသားရောင်လိုလို သစ်သားရောင်လိုလို ကုတ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ သူမဟာ အဲ့လို style လေးနဲ့ သူမ သူငယ်ချင်းနဲ့အတူ studio ကိုသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက Cabo San Lucas မှာသူမရဲ့ အခင်ရဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ Courtney J Barry နဲ့ Sam Lopez တို့ရဲ့ စေ့စပ်ပွဲအတွက် ပောျ်ပွဲရွှင်ပွဲအနေနဲ့ အလည်အပတ်သွားခဲ့တာဖြစ်ပါတယ်။  

သူမဟာ အဖြူရောင် bikini လေးကမ်းခြေထက်မှာ ကျန်းမာလှပစွာရှိနေပြီ သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေတစ်လျှောက် မြင်းစီခဲ့ပါသေးတယ်။ ၂၀၁၇ခုနှစ်မှာ ကျောက်ကပ်အစားထိုးကုသခံယူထားရတဲ့ Selena ဟာ Social Media ပေါ်ကို သူတို့ရဲ့ ပုံရိပ်တွေ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ Selena ဟာပြီးခဲ့တဲံလမှာဆိုရင် Julia Michaels ရဲ့နောက်ဆုံး Album ဖြစ်တဲ့ Monologue Part I ထဲကသီချင်း Anxiety အတွက် အတူတူသီဆိုခဲ့ပါတယ်။ အဲ့အချိန်လေးကတော့ သူမရဲ့ကျောက်ကပ်အစားထိုးမှုပြီးတဲ့နောက်မှာ ပထမဆုံးသီချင်းပြန်လည်သီဆိုတဲ့ အချိန်လေးဖြစ်ခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။