ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ဘယ်လ်ဂျီယံနိုင်ငံအတွင်းမှာ ပြည်လုံးကျွတ် သပိတ်မှောက်မှုတွေဖြစ်ပေါ်နေပါတယ်။

၎င်းသပိတ်မှောက်မှုတွေကတော့ လုပ်ငန်းခွင်အခြေအနေနဲ့ လုပ်ခလစာတွေနဲ့ပတ်သတ်ပြီး သပိတ်မှောက် ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံထဲမှာ လေဆိပ်တွေမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ခရီးစဉ်အားလုံးနီးပါး ဖျက်သိမ်းခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေ အလုပ်ပြန်လုပ်ဖို့ လုံလောက်တဲ့ ဝန်ထမ်းအရေအတွက်ကို အာမမခံနိုင်တဲ့ အတွက် လေကြောင်းထိန်းချုပ်ရေးဌာနက လေပိုင်နက်ကို အင်္ဂါ ည ဆယ်နာရီကစပြီး ပိတ်ထားပါတယ်လို့လည်း သိရပါတယ်။

၎င်းသပိတ်မှောက်မှုကြောင့်ဆိုရင်လည်း ခရီးသည် အယောက် ၆ သောင်းလောက်ဟာ အခက်အခဲတွေတွေ့ခဲ့ပြီး အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့ရသလို ၎င်းသပိတ်မှောက်မှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ တော်တော်များများလည်း ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။