ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်တဲ့သဘာဝဇာတ်ရုပ်တွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချော သူထူးစံကတော့ ချစ်သူလေးနဲ့အတူ ရွှေလက်တွဲလက်ထပ်လိုက်ပြီဆိုတာ ပရိသတ်ကြီးသိရှိပြီး ဖြစ်ပါတယ်နော်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချစ်သူကောင်မလေး ထိုက်ဆုဝင်းနဲ့အတူ လက်ထပ်ခဲ့တာ ဖြစ်ပြီး မင်္ဂလာဆွမ်းကျွေးအလှူကိုတော့ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မင်္ဂလာဦးအလှူလေးတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ သူထူးစံက သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ပရိသတ်တွေကို သတင်းကောင်းလေးတစ်ခု ပါးလိုက်ပြန်ပါတယ်နော်..။

အဲ့ဒီသတင်းကောင်းလေးကတော့ သူထူးစံနဲ့ ဇနီးချောလေး ထိုက်ဆုဝင်းတို့ ဇနီးမောင်နှံလေးကတော့ လာမယ့် ဖေဖော်ဝါရီ(၂၂)ရက်နေ့လေးမှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်..။

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူတို့ဇနီးမောင်နှံလေးရဲ့ မင်္ဂလာသတင်းကောင်းလေးကိုလည်း ဖိတ်စာလေးနဲ့အတူ ပရိသတ်တွေကို အသိပေးပြောပြထားတာမို့ ပရိသတ်တွေကလည်း ဝမ်းသာနေကြတာ တွေ့ရပါတယ်နော်..။

ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမယ့် သူတို့ဇနီးမောင်နှံလေးရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ လာမယ့်ဖေဖော်ဝါရီ(၂၂)ရက်နေ့ ရန်ကုန် နိုဗိုတယ်ဟိုတယ်မှာ နေ့လည်(၁)နာရီကနေ နေ့လည်(၃)နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းလေးကိုလည်း ပရိသတ်တွေအတွက် သတင်းစကားလေး ပါးလိုက်ပါတယ်နော်..။

Photo - သူထူးစံ၊ ထိုက်ဆုဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။