အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးတို့စုံတွဲကလည်း ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ သစ္စာမပျက်ဘဲ လက်တွဲတွေခိုင်မြဲနေကြတဲ့ သူတို့စုံတွဲလေးက အေးချမ်းတည်ငြိမ်တဲ့ ချစ်သူဘဝလေးကို အချစ်စစ်တွေနဲ့ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့စုံတွဲလေးရဲ့ ချစ်သူသက်တမ်းက (၃) နှစ်ကျော်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

သူတို့စုံတွဲလေးက G Fatt ၊ နန်းဆုတို့စုံတွဲလေးနဲ့အတူ မကြာခဏ ခရီးသွားလေ့ရှိသလို ပျော်ပွဲရွှင်ပွဲတွေလည်း အမြဲလိုလို ကျင်းပလေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာတော့ ဖြိုးလေးက ချစ်သူလေး ဝါဆိုမိုးဦးအတွက် ပျော်ရွှင်စရာကောင်းတဲ့ ညစာစားပွဲလေးတစ်ခုကို ပြင်ဆင်ပေးခဲ့ပါတယ်။ ဖြိုးလေးက ရန်ကုန်မြို့ရှိ နာမည်ကြီး အထင်ကရနေရာတစ်ခုဖြစ်တဲ့ Lotte Hotel မှာ ကောင်းမွန်တဲ့ အပြင်အဆင်တွေနဲ့ ညစာလိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။

ချစ်သူရဲ့ဂရုစိုက်အလိုလိုက်မှုကြောင့် ဝါဆိုမိုးဦးတစ်ယောက် ကျေနပ်ပျော်ရွှင်ခဲ့ရတာလည်း သူမရဲ့ My Story ကတစ်ဆင့် မြင်တွေ့ရပါတယ်။ ဝါဆိုက သူမတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ Valentine Day နေ့ဖြတ်သန်းခဲ့ပုံလေးကို ဗီဒီယိုဖိုင်တွေနဲ့ တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သူများနေ့ကို Romantic ဆန်တဲ့ ညစာစားပွဲလေးနဲ့အတူ ကြည်နူးစွာ ဖြတ်သန်းခဲ့တဲ့ ဝါဆိုမိုးဦးတို့စုံတွဲရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

source:warsomoeoo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။