ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားပြီးတော့ ဇာတ်သဘင်လောကမှာကော ရုပ်ရှင်အနုပညာလောကမှာပါ နာမည်ကြီး ဟာသပညာရှင်တစ်ယောက်ဖြစ်တဲ့ ကြာစိဆိုတာ ပရိတ်သတ်တွေရဲ့အချစ်တော်တစ်ယောက်ပါနော်။အနုပညာဝမ်းစာပြည့်ဝတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ပရိတ်သတ်တွေရဲ့တစ်ခဲနက် လက်ခံအားပေးခြင်းကိုခံခဲ့ရတာပါနော်။

ဟာသ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ကြာစိဟာ ပရိတ်သတ်တွေရဲ့ ဘဝအမောတွေပြေပြီး တဝါးဝါး တဟားဟားနဲ့ရယ်မာရအောင်အတွက်ဟာသပြတ်လုံးဆန်းဆန်းလေးတွေကို လုပ်ပြလေ့ရှိပါတယ်။ သူဟာ နာမည်ကြီးဂန္တဝင်မင်းသားကြီးတစ်လက်ဖြစ်တဲ့ ဦး ဝင်းဦးလိုမျိုးသရုပ်ဆောင်ပြီး လုပ်ပြတဲ့ ပြတ်လုံးမျိုးတွေဆိုရင် ပရိတ်သတ်တွေအရမ်းကို သဘောတွေ့နှစ်ခြိုက်ကြပါတယ်နော်။

အနုပညာနယ်ပယ်နှစ်ခုစလုံးမှာထူးချွန်တဲ့ ဟာသပညာရှင်ကြာစိဟာ အခုအချိန်မှာဆိုရင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားရပါတယ်နော်။ ဖေဖေဘယ်လောက်ပဲပင်ပန်းပင်ပန်း မီးမီးလေး ဆုသဒ္ဓါ ရဲ့မျက်နှာလေးကိုမြင်လိုက်တာနဲ့ ပင်ပန်းတာတွေအကုန်အရည်ပျော်ကျသွားပါတယ်နော်။ဒါကြောင့်လည်းအခုတစ်ခါမှာ ဖေဖေကြာစိတစ်ယောက်ရှူတင်မှာ စိတ်မောလူမောနဲ့ အလုပ်တွေလုပ်နေတဲ့အချိန် မေမေနဲ့တူတူ လက်တွန်းလှည်းလေးနဲ့ ဖေဖေရှိတဲ့နေရာကိုအရောက်သွားပြီး ဖေဖေ့ကိုအမောပြေစေခဲ့ပါတယ်နော်။ ကဲ.... မီးမီးဆုလေးတစ်ယောက် ဖေဖေ့ရှူတင်မှာ အရွယ်လေးနဲ့မလိုက်အောင်ပဲပေးပြီး မိသားစုသုံးယောက်သားပျော်ပျော်ရွှင်ရွှင်ရိုက်ထားခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyar Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။