အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့စုံတွဲကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့် ပရိသတ်အားပေးမှုရရှိထားဆဲဖြစ်တဲ့ သူတို့စုံတွဲလေးက အေးချမ်းတဲ့ မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့စုံတွဲလေးက ခရီးသွားဗီဒီယိုလေးတွေ ရိုက်ကူးနေပြီး စီးပွားရေးဘက်ကို ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံရဲ့ ပထမဆုံးသမီးလေးကိုတော့ အာဘွိုင်းက Scarlett Phyo Tun လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ မွေးစကတည်းက ပန်းနုရောင်သန်းတဲ့ ပါးဖောင်းဖောင်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးက အခုဆိုရင် ဘိုမရုပ်လေးလို ပိုပိုပြီး ချစ်ဖို့ကောင်းလာပါတယ်။ အခုလည်း Scarlett လေးက မေမေမြတ်ရတနာကျော်ကို ဝိုင်းဝိုင်းစက်စက် မျက်လုံးလေးတွေနဲ့ကြည့်ပြီး ပူဆာနေတာ တွေ့ရပါတယ်။

Scarlett လေးက ပုခက်လေးထဲကနေ သူ့ကိုချီပေးဖို့ မေမေဖြစ်သူကို စကားတွေပြောကာ အချွဲပိုနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Scarlett လေးရဲ့ အမူအရာဟန်ပန်လေးတွေကတော့ မြင်သူတိုင်း ချစ်မိစေေလောက်အောင် အသည်းယားချင်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းသမီးလေး Scarlett ရဲ့ အရမ်းချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။