ဂျပန်-မြန်မာ့လက်ဝှေ့လောကမှာ မသိသူရှားဖိုက်တာတစ်ဦးဖြစ်တဲ့ ဂျပန်နိုင်ငံသား တိုခဲရှိကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ မြန်မာ့လက်ဝှေ့အကျော်အမော်များစွာကို အလဲထိုးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ရှုံးပွဲများစွာနဲ့လည်း ရင်ဆိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ တိုခဲရှိကတော့ မကြာသေးမီက မြန်မာနိုင်ငံမှာ ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူ လက်ဝှေ့ဖိုက်တာ ထွန်းမင်းလက်နှင့် လာရောက်ထိုးသတ်အနိုင်ယူခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

အဆိုပါ လက်ဝှေ့ပွဲအပြီးမှာလည်း တိုခဲရှိကတော့ သူ့ရဲ့ ရရှိခဲ့တဲ့ နိုင်ကြေးအများစုကို မြန်မာ့ဘုန်းတော်ကြီး စာသင်ကျောင်းတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဇနီးဖြစ်သူနှင့် သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းနဲ့ သဒ္ဒါတရားထက်သန်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။  

မနေ့က တိုခဲရှိကတော့ သူ့ရဲ့ဖေ့စ့်ဘွက်စာမျက်နှာပေါ်တွင် မြန်မာ့လက်ဝှေ့နဲ့ပတ်သက်ပြီး ခံယူချက်အချို့နှင့် ရည်မှန်းချက်တွေကို ပြောပြခဲ့တာတွေ့ရပါတယ်။ အဆိုပါ ခံယူချက်တွေထဲမှာ လည်း မြန်မာ့လက်ဝှေ့ကို တန်ဖိုးထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ရရှိခဲ့တဲ့ ငွေကြေးတွေကိုလည်း အလှူအတွက် အဓိကရည်စူးထားကြောင်း သိရပါတယ်။ လေးစားစရာတိုခဲရှိရဲ့ အလှူပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Tokeshi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။