ပရိသတ်တွေရဲ့ အချစ်တော် Korea မင်းသားတစ်ယောက်ဖြစ်တဲ့ Lee Dong Wook ဟာဆိုရင် ခုချိန်မှာ သူရဲ့ drama ဇာတ်ကားတစ်ကားဖြစ်တဲ့ " Touch Your Heart " ဆိုတဲ့ကားကိုရိုက်ကူးလျက်ရှိပါတယ်။ အဲ့ကားရဲ့ မင်းသမီးလေးကတော့ Yoo In Na ဖြစ်ပါတယ်။ အဲ့ကားဟာဆိုရင်လဲ လက်တလောမှာ လူကြိုက်များနေတဲ့ ဇာတ်လမ်းတွဲကားပဲဖြစ်ပါတယ်။ ကိုရိယားကားတွေရဲ့ ဇာတ်လမ်းကိုလဲ ပရိသတ်ကြီး သိမယ်ထင်ပါတယ်....။  

ဟုတ်ကဲ့...မနေ့ကဟာဆိုရင်တော့ အချစ်တွေဝေဆာရာနေ့လေးဖြစ်တဲ့ Valentine Day လေးပဲဖြစ်ပါတယ်။ အဲ့လိုနေ့မှာ Lee Dong Wook တဟ်ယောက်ကတော့ VDay မှာ လက်ဗလာမဖြစ်ခဲ့ပါဘူး....။ ဘာလိုလဲဆိုတော့ သူနဲ့တွဲဖက်သရုပ်ဆောင်နေတဲ့ မင်းသမီးချောလေး Yoo In Na ကသူ့ကို Vday လက်ဆောင်ပေးခဲ့လိုဖြစ်ပါတယ်။ ကြည်နူးစရာ အခိုက်အတန့်လေးပါနော်...ကိုယ်ရဲကလုပ်ဖော်ကိုက်ဖက်ကိုပေးတာလဲ ကြည်နူးစရာပါပဲ။ 

ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ Lee Dong Wook က သူနဲ့အတူ ချော့ကလပ်ပုံး ကို Selfine ရိုက်ခဲ့ပြီး " Oh Jin Shim ဆိက တကယ့်အမှန်တရား VDay လက်ဆောင် " ဆိုပြီး ရိုက်တင်ခဲ့ပါတယ်။ Oh Jin Shim ဟာဆိုရင်တော့ Yoo In Na ရဲ့ဇာတ်ဆောင် နာမည်ပေါ့ဗျာ....။ သူတို့နှစ်ယောက်ဟာဆိုရင် ၂၀၁၇တုန်းက Goblin ကားကိုအတူတူရိုက်ခဲ့ကြပြီး ယနေ့တိုင် လက်တွဲရိုက်ကူးနေကြပါတယ်။ Goblin ကားထဲက " Stay With Me " သီချင်းဟာလဲ ပရိသတ်တွေရဲ့ ရင်ထဲထိ ဝင်ရောက်နိုင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။