ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ယနေ့အချိန်ထိ သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် ဝါရင့်အနုပညာရှင်မင်းသမီးကတော့ မခိုင်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို မပွတ်ကျွတ်လို့လည်း ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ပါပဲနော်..။

ပရိသတ်တွေရဲ့အချစ်တော် မခိုင်လေးကတော့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်း အနုပညာရှင်မင်းသမီးတစ်ဦးဖြစ်သလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်နော်..။

မေးခွန်းထုတ်စရာဖြစ်လောက်အောင် နုပျိုမှုတွေနဲ့အတူ ပရိသတ်တွေကို အမြဲဖမ်းစားတဲ့ အနုပညာရှင်တွေထဲမှာလည်း မခိုင်လေးနဲ့အတူ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကလည်း အပါအဝင်ပါပဲ..။

မခိုင်လေးကတော့ ဒီကနေ့လေးမှာ စိုင်းစိုင်းနဲ့ ထိပ်ထားလေးတို့ရဲ့ ငယ်စဉ်က အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ လက်ရှိမှာ ပြောင်းလဲသွားတဲ့ ကွားခြားပုံလေးတွေကို ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ်နော်..။

ထိပ်ထားလေး ငယ်စဉ်က စိုင်းစိုင်းနဲ့အတူအမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံလေးကို ထုတ်ပြကာ “ဓါတ်ပုံ၂ပုံရဲ့ ကွာခြားချက်..” ဆိုပြီး ပရိသတ်တွေကို မျှဝေလိုက်တာဖြစ်ပြီး အဲ့ဒီဓာတ်ပုံနှစ်ပုံရဲ့ ကွားခြားချက်လေးကတော့ ထိပ်ထားလေးသာ အရွယ်ရောက်လာပေမယ့် မပြောင်းလဲ နုပျိုနေတတာကတော့ စိုင်းစိုင်းပါပဲနော်..။

ပရိသတ်တွေကလည်း မခိုင်လေးရဲ့ ဓာတ်ပုံနှစ်ပုံရဲ့ ကွာခြားချက်လေးတွေကို သဘောကျနေကြပြီး Comment လေးတွေမှာလည်း ရေးသားပြောထားကြတာ တွေ့ရတာမို့ စိုင်းစိုင်းနဲ့ ထိပ်ထားလေးတို့ရဲ့အမှတ်တရဓာတ်ပုံလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ခိုင်သင်းကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။