အမျိုးသမီးတွေရဲ့ ဆံပင်က ပုံမှန်အားဖြင့် တစ်လမှာ ဝ.၅ လက်မလောက်ပဲ ရှာကြတာကြောင့် ဆံပင်အရှည်ကြီးတွေကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာ အချိန်အတော်ကြာအောင် သေချာထိန်းသိမ်းကြရပါတယ်။ တစ်ခါတစ်လေမှာဆိုရင် ဆံပင် ကို ပုံအမျိုးမျိုးသွင်းခြင်းကြောင့် ကြေမွပျက်စီးခြင်းတွေကလည်း ဆံပင်ကို ပိုပြီး အရှည်နှေးစေပါတယ်။ ဒါကြောင့် မြန်မြန်ဆံပင်ပြန်ရှည်ချင်တဲ့ မယ်မဒီလေးတွေအတွက် မယုံနိုင်လောက်အောင် ဆံပင်ရှည်မြန်လာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သင့်ရဲ့ ဆံနွယ်တွေက နေ့ဘက်မှာ အရှည်မြန်တာကြောင့် ဆံပင်ကို မထိခိုက်အောင် နေ့ဘက်တွေမှာပိုပြီး ထိန်းသိမ်းသင့်ပါတယ်။ ဒါ့ပြင် ဆံပင် အောက်ဘက်နားတွေမှာ နှစ်ခွတွေဖြစ်နေတတ်တာကြောင့် အမြဲ စစ်ဆေးပြီး နှစ်ခွတွေကို ညှပ်ထုတ်ပစ်သင့်ပါတယ်။

(၂) ဆံပင်တွေကို ပိုပြီး မြန်မြန်ရှည်ချင်တယ်ဆိုရင်တော့ ခေါင်းလျှော်တဲ့ နေရာမှာ သင့်ရဲ့ ဆံသားတွေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် conditioner တစ်မျိုးမျိုးကို ပုံမှန်သုံးစွဲပေးဖို့ လိုအပ်ပါတယ်။

(၃) နောက်တစ်ချက်ကတော့ ရေချိုးတိုင်းခေါင်းလျှော်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေ အများစုက ဆံပင်မှာ အဆီတွေထွက်တတ်ရင် မနေတတ်တာကြောင့် ခေါင်းကိုခဏ ခဏ လျှော်ကြပါတယ်။ ဒါက သင့်ရဲ့ ဆံသားတွေကို လုံးဝပျက်စီးစေနိုင်တာကြောင့် ဆံပင် မြန်မြန်ရှည်ချင်ရင်တော့ ရှောင်သင့်ပါတယ်။

(၄) ခေါင်းလျှော်ပြီးတိုင်မှာ ရေအေးလေးတစ်ခွက်နဲ့ ဆံသားတွေကို လောင်းပေးပါ။ ရေအေးက ဆံသားတွေကို ပိုပြီး နူးညံစေနိုင်တဲ့ အပြင် ဆံပင်တွေမြန်မြန်ရှည်လာဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

(၅) တစ်ပတ်တစ်ခါ ခေါင်းလျှော်ပြီးတိုင် ဆံသားတွေကို အားဖြစ်စေတဲ့ ခေါင်းလိမ်းဆီတွေကို သေချာရွေးချယ်ပြီး သုံးပေးမယ်ဆိုရင်တော့ မယ်မဒီလေးတို့လိုချင်တဲ့ ကျန်းမာလှပတဲ့ ဆံနွယ်ရှည်လေးတွေကို သိပ်မကြာခင်မှာပဲ ပိုင်ဆိုင်နိုင်မှာပါ။

Source:dailymail.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။