Rafiqul Islam လို့ အမည်ရတဲ့ အသက် 30 အရွယ် အိမ်ထောင်သည်အမျိုးသားဟာ Hawa Akhter (21)နှစ်ရှိသူ ဇနီးသည်ရဲ့လက်ကို ဓားဖြင့်ခုတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

သူခုတ်ဖြတ်ခဲ့ရတဲ့အကြောင်းရင်းလေးကတော့ ဇနီးသည်လေးဘက်ကတွေးကြည့်လိုက်မယ်ဆိုရင် အရမ်းကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။

ဘာကြောင့်လဲဆိုရင် ဇနီးသည်လေးဟာ သူ့ရဲ့ခွင့်ပြုချက်မရဘဲ တက္ကသိုလ်ပညာရေးကို သူမသဘောနဲ့သူ လေ့လာနေလို့ဆိုပြီး လက်ကိုဓားနဲ့ခုတ်ဖြတ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ 

၎င်းအမျိုးသားခုတ်ဖြတ်ခဲ့ပုံကတော့ သူဟာ ဇနီးသည်လေးကို လက်ဆောင်ပေးမယ်ဆိုပြီး အလိမ္မာနည်းလမ်းကိုသုံးကာ မျက်လုံကိုပဝါနဲ့စည်းခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသားဟာ ပါးစပ်ကို တိပ်နဲ့ကပ်ကာ ဇနီးသည်လေးရဲ့ညာလက်ကို ခုံပေါ်တင်ပြီး လက်ချောင်းတွေကို အားပါးတရ ဓားနဲ့ခုတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းအမျိုးသားဟာ ဇနီးသည်လေးရဲ့ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း အစအနရှာမရအောင် ဝေးတဲ့နေရာတနေရာကို သွားရောက်လွှင့်ပြစ်ခဲ့ပါသေးတယ်။ 

အိမ်နီးချင်းတွေကတော့ ဇနီးသည်လေးက သူ့ထက်ပညာတတ်သွားရင် အိမ်ထောင်ရေးကိုခြယ်လှယ်မှာ စိုးတဲ့စိတ်လေးနဲ့တော့ အခုလိုရက်ရက်စက် လက်ချောင်းတွေကို ဓားနဲ့မခုတ်ဖြတ်သင့်ပါဘူး လို့ပြောဆိုနေပေမယ့် ၎င်းအမျိုးသားရဲ့ ဆွေမျိုးတဦးကတော့ လက်ကိုခုတ်ဖြတ်တဲ့နေရာမှာ ဝိုင်းဝန်းကူညီခဲ့ပေးပါသေးတယ် ။

ဇနီးသည်လေးခင်ဗျာမှာလည်း တက္ကသိုလ်ပညာရေးလေးကို လေ့လာမိတာလေးအတွက်နဲ့ လက်ချောင်းတွေကို ရက်ရက်စက်စက်အဖြတ်ခံလိုက်ရတဲ့ သူမရဲ့ဖြစ်ရပ်ကြီးက အင်မတန်မှ ကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။  

source _Excelsior

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။