Avril Lavigne ဟာခုချိန်မှာတေ့ာ ဘီလျံနာသူဠေးသား သူရဲ့ချစ်သူုဖြစ်တဲ့ Phillip Sarofim နဲ့အတူ New York မြို့မှာ ပေါ်လာခဲ့ပါတယ်။ သူမလဲခုချိန်မှာ တော်တော်ကိုပျောက်နေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ Sk8er Boi နဲ့တွဲခဲ့တာနဲ့ပတ်သတ်ပြီး သီချင်းဆိုဖူးပါတယ်။ နောက်မှာတော့ " See You Later Boy " ဆိုပြီးပြောကာ သူမအတွက် သင့်တော့်မဲ့ သူဆိကို သူရဲ့နှလုံးသားကို ပေးအပ်ခဲ့ပါတယ်။ သူမရဲ့ အသက်ဟာခုချိန်မှာ အသက် ၃၄နှစ်ရှိပြီဖြစ်ကာ ယနေ့တိုင်ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေပါတယ်။  

ဗုဒ္ဓဟူးညမှာဆိုရင်တော့ သူမဟာ သူမရဲ့ချစ်သူဖြစ်သူ Phillip Sarofim နဲ့အတူ သူမရဲ့ Hotel ကိုပြန်လာခဲ့ပါတယ်။ Avril ကိုကြည့်ရတာ အရမ်းပျော်ရွှင်နေတာကို တွေ့ရှိရပြီး သူမရဲ့ချစ်သူလက်မောင်းကို ချိတ်လို့ထားပါတယ်။ သူမရဲ့ချစ်သူကတော့ ဘီလျံနာသူဌေးဖြစ်ကာ စီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ Arvil Lavigne တစ်ယောက်ဟာခုချိန်မှာ အရမ်းကို ပျော်ရွှင်နေတာကို တွေ့ရမှာဖြစ်ပါတယ်....သူမလဲ အချစ်နဲပတ်သတ်ရင် ပျော်ရွှင်သင့်နေပြီလေ။ 

ဖေဖော်ဝါရီ ၁၅ရက်နေ့မှာဆိုရင်တော့ သူမရဲ့ ၆ခွေမြောက် Studio Album ဖြစ်တဲ့ Head Above Water ထဲကသီချင်းတစ်ပုင်္ဒဖြစ်တဲ့ Dumb Blonde သီချင်းကိုထွက်ရှိမှာဖြစ်ပါတယ်။ Arvil Lavigne နဲ့ Phillip Sarofim တို့ရဲချစ်ခြင်းတရားဟာဆိုရင် ပြီခဲ့တဲ့ နွေရာသီတုန်းက ညစာစာပွဲတစ်ခုမှာ ပိုမိုခံမာလာတာဖြစ်ပါတယ်။ Arvil Lavigne ဟာ အဲ့မတိုင်ခင်မှာ Deryck Whibley နဲ့ ၂၀၀၆ကနေ ၂၀၁၀ ထိ အိမ်ထောင်သက်တမ်းရှိခဲ့ပြီး Chad Kroeger နဲ့ ၂၀၁၃ကနေ ၂၀၁၅ထိ အိမ်ထောင်သက်တမ်းရှိခဲ့ကာ နှဏ်ခါ အိမ်ထောင်ပြုခဲ့ဖူးပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။