မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော တိုင်ရွန်ကတော့ ကိုရီးယားမင်းသားတစ်ဦးလို ရုပ်ရည်နဲ့ ဟောလိဝုဒ်မင်းသားတွေလို အရပ်အမောင်းမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ယောက်ျားပီသပြီး အမိုက်စား Body အချိုးအစားတွေကြောင့်လည်း တိုင်ရွန်က မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ 

အလန်းစားတက်တူးတွေ ပေါ်လွင်နေတဲ့ တိုင်ရွန်ရဲ့ပုံရိပ်လေးတွေက မိန်းကလေးပရိသတ်တွေကိုသာမက ယောက်ျားလေးပရိသတ်တွေကိုပါ အားကျစေနိုင်တာ ဖြစ်ပါတယ်။ ယနေ့မှာတော့ တိုင်ရွန်တစ်ယောက် အမောင်းလွန်ပြီး ဆိုင်ကယ်စလစ်ဖြစ်ခဲ့ရပါတယ်။တိုင်ရွန်ကတော့" စိတ်ထွက်ပေါက်တစ်ခု အရမ်းလုပ်ချင်နေတဲ့အရာလေး အကောင်ထည်ဖော်ဖြစ်သွားတယ်။

" Off Road feeling ကိုလည်းအရမ်းကြိုက်သွားပြီ အမောင်းလွန်ပြီး ဆိုင်ကယ်စလစ်ဖြစ်ကာ တောင်ပေါ်ကပြုတ်ကျစဉ် ဝိုင်းဝန်းကူညီ ပေးကြသော Ride Behind Kalaw မှ ကို ကျော်သာထက်နဲ့ အဖွဲ့သားများအားလုံး အထူးကျေးဇူးတင်ပါတယ် လိုလေသေးမရှိ ဧည့်ဝတ်ကျေတဲ့ အဖွဲ့ပါ နောက်ပြန်ဆုံမယ်

#safet_First #safety_Gear များကိုသေချာစွာဝတ်ဆင်ပါ တကယ်အသုံးဝင်ပါတယ် ပွန်းရာတောင်မရဘူး"ဆိုပြီးရေးသားထားပါတယ်။

SOURCE:တိုင်ရွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။