ချစ်ပရိသတ်ကြီးရေ.....ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပြီး ပုရိသတွေရဲ့ အသည်းကိုစွဲဆောင်ညှို့ယူထားနိုင်တဲ့ မော်ဒယ်လ်မလေး အိမ့်ထရက်သျှာကိုသိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ လူတိုင်းအပေါ်ရိုးသားပွင့်လင်းစွာ ဆက်ဆံပေါင်းသင်းတက်တဲ့အတွက်ကြောင့်ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ လက်ခံအားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်လေ့ရှိတာဖြစ်ပြီး၊ သရုပ်ဆောင်လောကထဲကိုလည်းစတင်ခြေလှမ်းလာပြီဖြစ်ပါတယ်။ tik tok ဗီဒီယိုဖိုင်လေးတွေနဲ့လည်း ပရိသတ်ကြီးကြည့်ရှုခံစားရအောင်အမြဲတင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်။ ခေတ်ဆန်ဆန် အတိုအပြတ်လေးတွေဝတ်စားဆင်ယင်တက်ပင်မဲ့ ဘုရားသွားကျောင်းတက်အခါမှာတော့ မြန်မာဝတ်စုံလေးတွေဝတ်ဆင်ပြီး ကျက်သရေရှိစွာလှပနေတာကို ပရိသတ်ကြီးတို့တွေ့မြင့်ကြရမှာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ faceboook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုစတာတွေကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့အလှပုံရိပ်လေးတွေနဲ့အတူ "ကိုယ်ရယ်...နေဝင်ဆည်းဆာရယ်" လို့ဆိုတဲ့ status လေးနဲ့အတူ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။