ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသမီးလေး မိုးယုစံကတော့ ပျော်ရွှင်စရာ်ကောင်းတဲ့ မိသားစုလေးဘဝကို တည်ဆောက်ထားတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ချစ်စရာသားသားလေးနဲ့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ဘဝခရီးလမ်းကို လျှောက်လှမ်းနေပြီး အနုပညာအလုပ်တွေကို ရပ်နားထားပါတယ်။မိုးယုစံရဲ့ လက်တလော အနုပညာလှုပ်ရှားမှုကတော့ ပွဲအခမ်းအနားတွေတက်ပြီး ရှိုးပွဲတွေမှာလည်း ရှိုးလျှောက်ဖြစ်ပါတယ်။

ကလေးတစ်ယောက်အမေဖြစ်ပေမယ့် သူမရဲ့ လှပမှုတွေ နုပျိုမှုတွေကတော့ မကုန်ခမ်းနိုင်လောက်အောင် လှနေဆဲဖြစ်ပါတယ်နော်။မိုးယုစံက အရင်းတိုင်းပဲ နှင်းဆီအဖွဲ့သားတွေနဲ့ အတူလည်း အငြိမ့်ကပါသေးတယ်။မိုးယုစံက အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်သလို မိသားစုရဲ့လိုအပ်ချက်တွေကိုလည်း အသေးစိတ်ကအစ ဂရုစိုက်ပြီး သားလေးကိုလည်း ကောင်းကောင်းမွန်မွန်ကြီးပြင်းအောင် ပြုစုစောင့်ရှောက်တဲ့ မိခင်ကောင်းပါနော်။

မိုးယုစံတို့မိသားစုသုံးယောက်က အားလက်ရက်တွေကိုလည်း အပန်းဖြေ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်တတ်ကြပါတယ်။အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူက မိုးယုစံတို့သားအမိကို valentine day အထိမ်းအမှတ်အနေနဲ့ ခရီးတစ်ခုကို လိုက်ပို့ပါတယ်နော်။ခရီးမှာ သားလေးကလည်း ပါတော့ မေမေမိုးယုစံကတော့ သားလေးရဲ့ အပျော်တွေကိုကြည့်ပြီး လျှာထွက်ရမလား ပျော်ရမလား ဝေခွဲမရအောင်ဖြစ်နေတဲ့ သူတို့မိသားစုပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။