အောက်မြင်ကျော်ကြားမှုတွေကို များစွာသိမ်းပိုက်ထားတဲ့ beavty blogger တစ်ဦးဖြစ်တဲ့ အပြင် ချစ်စရာကောင်းတဲ့ စကားပြောပုံလေးတွေကြောင့် ပရိသတ်တွေက အရမ်းကို ချစ်နေရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ နေခြည်က သူမရဲ့ ကိုယ်ပိုင် brand အသစ်လေးကိုလည်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိခဲ့တဲ့ လေးစားအားကျဖွယ် မြန်မာ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာ သူမရဲ့ နောက်ထပ် အိမ်မက်တစ်ခုဖြစ်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လာခဲ့ပြီး ပရိသတ်တွေမထင်မှတ်ထားလောက်အောင် သရုပိဆောင်ပိုင်းမှာ အရည်အချင်းရှိတဲ့ သူမကို မြင်တွေ့ရမှာပါ။ ဒါကြောင့် နေခြည်ဦးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် ရုံပြည့်ရုံလျှံပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတာ သူတစ်ယောက်ပါ။

ယခုဆိုရရင် နေခြည်ရဲ့ ပထဆုံး brand ambassador ခန့်အပ်ခြင်းခံရတဲ့ ပွဲလေးမှာ ယုံကြည်မှုအပြည့်နဲ့ အရမ်းကိုလှနေတဲ့ နေခြည်ရဲ့ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ တကယ့်ကို တော်လွန်းလို့ နေခြည်ရဲ့ ပရိသတ်တွေက ဂုဏ်ယူနေရတဲ့ သူလေးတစ်ယောက်ပါ။ Vivo ရဲ့ brand ambassador ဖြစ်သွားပြီဖြစ်တဲ့ နေခြည်လေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုပြန်လည် ဝေမျှလိုက်ပါတယ်။

Source:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။