ပရိတ်သတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ တေးသီချင်းတွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုတဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းပေါင်းများစွာကို မာန်ပါပါ ဟန်ပါပါနဲ့ သီဆိုခဲ့တဲ့သူမရဲ့ သီချင်းတွေက လူငယ်တွေကြားမှာ အရမ်းရေပန်းစားခဲ့ပါတယ်။စန္ဒီမြင့်လွင်ကို ဒီဒီးလို့ ချစ်စနိုးခေါ်ကြပြီး ပြည့်ပြည့်လေးနဲ့လုံးလုံးလေး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။

ဒီဒီးက အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာကြာမြင့်နေပြီး အနုပညာမျိုးရိုးရှိတဲ့သူမို့ သရုပ်ဆောင်လည်းတော်ပါတယ်နော်။သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ချို့ကိုလည်း ပရိတ်သတ်ကြီးက ကြိုက်နှစ်သက်ကြပါတယ်။စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စိုးပြည့်သဇင် စန္ဒီမြင့်လွင်တို့က ညီအစ်မ လေးယောက်ပေါင်းပြီး မင်းသမီးပိုးထည်တိုက်လေးကိုလည်း ဖွင့်ထားပါသေးတယ်နော်။အရမ်းကို စည်းလုံးချစ်ခင်ကြတဲ့ ညီအမလေးယောက်လုံးကို ပရိတ်သတ်ကြီးကလည် ချစ်ခင်အားပေးကြပါတယ်။

အခုဆိုရင် ဒီဒီးက ချစ်ရတဲ့လူနဲ့ အတူတူ နှစ်ကိုယ်တူဘဝလေးကို တည်ထောင်လိုက်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝခရီးလမ်းလေးကို လျှောက်လှမ်းနေပါတယ်နော်။မကြာသေးခင်ကမှ သူတို့ဇနီးမောင်နှံလေးအတွက် သတင်းကောင်းလေးတစ်ခုအဖြစ် သူတို့ရဲ့ ဘဝလေးထဲကို သမီးလေး ဝင်ရောက်လာခဲ့ပါပြီနော်။မိခင်ဖြစ်တော့မယ့် ဒီဒီးက အရမ်းပျော်ရွှင်နေပြီး သူတို့မိသားစုအသိုက်အမြုံလေးက မကြာခင်ဖြစ်လာတော့မှာဖြစ်ပါတယ်။အခုဆိုရင်သူတို့ မိသားစုတွေအကုန်လုံးက ငွေဆောင်ကို ရောက်ရှိနေပြီး သမီးကိုယ်ဝန်နဲ့မို့ အမှတ်တရဖြစ်အောင် ဓာတ်ပုံလေးတွေအများကြီး ရိုက်ခဲ့ကြပါတယ်နော်။

Source:Sandy Myint Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။