ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေအပြည့်နဲ့ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်အခါခါရထားတဲ့ကစားသမားကတော့ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုပဲဖြစ်ပါတယ်။အသင်းတိုင်းမှာအရေးပါတဲ့ဂိုးတွေသွင်းယူပြီးဥရောပအောင်မြင်မှုတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

သူကတော့အသက်အရွယ်ရလာပေမယ့်အသင်းအတွက်အရေးပါတဲ့သွင်းဂိုးတွေနဲ့နိုင်ပွဲတွေယူဆောင်နေတာဖြစ်ပါတယ်။ဒီနှစ်ရာသီအစကဂျူဗင်တပ်အသင်းကိုပြောင်းရွေ့ခဲ့ပြီးရာသီအစမှာဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေရှိပေမယ့် ခုမှာတော့အနိုင်ဂိုးတွေကြောင့်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာပါ။ရော်နယ်ဒိုကတော့ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားပြီးသူ့ရဲ့ခြေစွမ်းတွေထက်သာလွန်မယ့်သားလေးတစ်ယောက်လည်းပိုင်ဆိုင်ထားတာပါ။

သူကတော့ရော်နယ်ဒိုရဲ့သားဂျူနီယာရော်နယ်ဒိုပဲဖြစ်ပါတယ်။ဂျူဗင်တိုက်စစ်မှူးရော်နယ်ဒိုဟာခုဂျူဗင်အသင်းမှာ၃၁ပွဲကစားထားပြီး၂၀ဂိုးသွင်းယူကာ၁၁ကြိမ်ပံ့ပိုးမှုလုပ်ထားတာဖြစ်ပါတယ်။ဂျူနီယာရော်နယ်ဒိုကတော့ဂျူဗင်လူငယ်အသင်းမှာ၂၃ပွဲကစား၅၈ဂိုးသွင်းကာ၁ရကြိမ်ပံ့ပိုးမှုလုပ်ထားတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းအဖေ့ခြေရာကိုနင်းပြီးအောင်မြင်နေတဲ့ဂျူနီယာရော်နယ်ဒိုကိုချီးကျူးနေကြပြီးတစ်ချိန်မှာအဖေလိုကမ္ဘာကျော်ဘောလုံးသမားဖြစ်လာဦးမယ်ဆိုပြီးသုံးသပ်နေကြပါတယ်။

Source:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။