အိန္ဒိယနိုင်ငံကကျင်းပတဲ့လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆုံးဗိုလ်လုပွဲမှာတော့မြန်မာအသင်းနဲ့နီပေါအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ဒီပွဲအပြီးမှာတော့မြန်မာအသင်းကနီပေါအသင်းကို(၃-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးချန်ပီယံဆုဖလားကြီးကိုအမိမြေကိုသယ်ဆောင်လာနိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာအိမ်ရှင်အိန္ဒိယအပါအဝင်နီပေါ၊အီရန်နဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းတို့ပါဝင်ကစားခဲ့ကြာတာပါ။မြန်မာအသင်းဟာအုပ်စုပွဲ၃ပွဲကစားပြီးရမှတ်၉မှတ်နဲ့ဗိုလ်လုပွဲကိုရောက်လာတာပါ။နီပေါအသင်းနဲ့အုပ်စုမှာတွေ့တုန်းက(၃-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အဆိုပါဗိုလ်လုပွဲမှာတော့နီပေါအသင်းကလည်းမြန်မာအသင်းအပေါ်အကောင်းဆုံးကစားနိုင်ခဲ့လို့ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။

မြန်မာအသင်းဟာထိုပြိုင်ပွဲမှာဆုဖလားကိုဆွတ်ခူးနိုင်ရုံသာမကတစ်ခြားဆုတွေကိုပါသိမ်းပိုက်နိုင်ခဲ့တာပါ။ပြိုင်ပွဲရဲ့အသန့်ရှင်းဆုံးဆုကိုလည်းမြန်မာအသင်းရရှိခဲ့ပြီးဂိုးသွင်းအများဆုံးကိုရီရီဦး၊အကောင်းဆုံးကစားသမားဆုကိုwin theingi tunနဲ့ အကောင်းဆုံးဂိုးသမားဆုကိုဇာဇာမြင့်တို့ကဆွတ်ခူးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။၂၀၁၉မှာအောင်မြင်မှုနဲ့စတင်ခဲ့တဲ့မြန်မာအမျိုးသမီးအသင်းရဲ့videoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Source:Myanmar Sport Info

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။