ပိုပို ပရိတ်သတ်တွေတော့ လွမ်းရတော့မှာပါပဲ ...

ပြည်ပမှာကျောင်းသွားတတ်ဖို့ ပြင်ဆင်နေပါတယ်လို့ ပိုပိုက ဆိုလိုက်ပါပြီ ။

အလုပ်လုပ်ရင်းကျောင်းသွားတတ်မှာပါတဲ့ ။

အမြဲကြိုးစားနေတဲ့ အဆိုတော်လေးပိုပိုက သူ့ရဲ့ အရည်အချင်းပိုတိုးတက်စေချင်လို့

ဒီနှ်စ် ( သို့ ) နောက်နှစ်ထဲမှာ ပညာသင်သွားဖို့ကိုစီစဉ်ထားတာပါ ။

ယခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ လာမယ့်မေလ ၁၆ ရက်နေ့ ပိုပိုရဲ့ မွေးနေ့မှာ

သီချင်း ၇ ပုဒ်ပါတဲ့ Mini Alblum လေးတစ်ခု MTV ပါတစ်ပါထဲထွက်ဖို့ကြိုးစားနေပြီး

အနုပညာရှင်တွေနဲ့ကဗျာဆရာတွေပါဝင်တဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒီစာအုပ်မှာတော့ နေတိုး၊စိုးမြတ်သူဇာ၊ ဒါရိုက်တာသြရသ၊ စိုင်းစိုင်းခမ်းလှိုင်၊ဗေလုဝ၊အရိုင်း၊ ကျော်ကျော်

တို့ရေးသားထားတဲ့ ကဗျာများနဲ့အတူ သူမကိုယ်တိုင်ရေးသားတဲ့ ကဗျာများလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်လို့ဆိုပါတယ် ။

ကျောင်းတတ်နေတဲ့ အချိန်တွေမှာလဲ ပရိတ်သတ်နဲ့ အဆက်အသွယ် မပြတ်သွားအောင်လုပ်ဆောင်သွားပါမယ်ဆိုတဲ့

ပရိတ်သတ်အချစ်တော် ပိုပိုလေးကို အားပေးလိုက်ကြပါဦးနော် ။

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။