ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားပြီး အနုပညာလောကမှာ ထိပ်တန်းက ရပ်တည်နေကြတဲ့ အနုပညာရှင်တွေထဲမှာ မင်းသားချောနိုင်နိုင်း ဒေါင်းနဲ့ ရွှေကစ်တို့ကတော့ ပြည်သူ့အသည်းကျော်တွေပါပဲ..။

လတ်တလောမှာလည်း ရုံတင်ပြသနေတဲ့ သူတို့သုံးယောက်ရဲ့ အမိုက်စားရုပ်ရှင်ဖြစ်တဲ့ "လိပ်ပြာစံအိမ်" သရဲကားကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေပြီး အောင်မြင်မှုတွေ ရရှိနေတာလည်း တွေ့ရပါတယ်နော်..။

မြန်မာနိုင်ငံပရိသတ်တွေအပြင် ပြည်ပနိုင်ငံတွေကပါ ကြိတ်ကြိတ်တိုးအားပေးမှုတွေရရှိထားတဲ့ "လိပ်ပြာစံအိမ်"ရုပ်ရှင်ကားကတော့ လတ်တလောမှာလည်း စင်္ကာပူနိုင်ငံမှာပါ ရုံတင်ပြသနေတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ သူတို့သုံးယောက်ကလည်း လိပ်ပြာစံအိမ် အဖွဲ့သားတွေနဲ့အတူ စင်္ကာပူကိုရောက်ရှိနေကြပြီး စင်္ကာပူပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါသေငးတယ်..။

ပရိသတ်တွေနဲ့အတူ တရင်းတနှီးတွေ့ဆုံကာ အမှတ်တရလက်မှတ်လေးတွေနဲ့အတူ ဓာတ်ပုံလေးတွေအတူ ပျော်ပျော်ပါးပါးရိုက်ကူးဓာတ်ဖမ်းခဲ့ကြတာကလည်း တကယ်ကို ပျော်စရာကြီးပါနော်..။

လတ်တလောမှာတော့ ပရိသတ်အချစ်တော်သုံးယောက်ရဲ့ ပုံရိပ်လေးတွေနဲ့အတူ ဖေဖော်ဝါရီ (၁၇)ရက်နေ့မှာလည်း "The Grand Cathay - 12:30 PM

Cineleisure Orchard - 2:00 PM

JEM - 6:00 PM.." တို့မှာ ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံကြမယ့်အကြောင်းလေးကိုလည်း သတင်းပါးလိုက်ပါတယ်နော်..။

Photo - ဝတ်မှုံရွှေရည်၊ လိပ်ပြာစံအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။