ပရိသတ်ကြီးတို့ရဲ့ အသည်းကျော် မင်းသားနေတိုးကတော့ အနုပညာလောကမှာ မိန်းကလေးပရိသတ်တွေအပြင် ယောကျၤားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသားချောတစ်ဦးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ မင်းသားချောတစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့အချစ်တွေနဲ့ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေသလို ပီပြင်နဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်နော်..။

တည်ငြိမ်ရင့်ကျက်ပြီး ယောကျၤားပီသတဲ့ ဟန်ပန်တွေနဲ့ သဘောထားပြည့်ဝမှုတွေကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကိုပါ ရရှိထားတဲ့ ပြည်သူ့အချစ်တော် မင်းသားတစ်ဦးဆိုလည်း မမှားပါဘူးနော်..။

အလှူအတန်းတွေကိုလည်း ရက်ရောလွန်းတဲ့ နေတိုးကတော့ We Love Nay Toe အဖွဲ့သားတွေနဲ့အတူ ဂီလာနဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ လှူဒါန်းမှုများ ပြုလုက်ကုသိုလ်ယူခဲ့ကြတာ တွေ့ရပါတယ်..။

မြောက်ဒဂုံမှာရှိတဲ့ ဂီ်လာနဆည်းဆာရိပ် ဘိုးဘွားရိပ်မှာ We love Nay Toe အဖွဲ့ရဲ့ 7 Year Anniversary အထိမ်းအမှတ်အဖြစ် ထာဝရဆေးပဒေသာပင်နဲ့ ဘိုးဘွားများအတွက် လိုအပ်သော ပစ္စည်းအသုံးဆောင်များကို လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေနဲ့ လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့ကြတဲ့ ကြည်နူးစရာအလှူပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - We Love Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။