ပရိသတ်တွေက ရဝေဒီလို သိကြတဲ့ မင်းသမီးချောလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ ပိုပိုပြီးလှလာတဲ့ နန်းစန္ဒာလှထွန်း ကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေ နောက်ထပ် ဇာတ်ကောင်အသစ်လေးတွေနဲ့ မြင်တွေ့နိုင်အောင် ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

ချစ်စရာကောင်းတဲ့ ကောင်မလေးက အချစ်အကြောင်းတွေကို သိပ်မစဉ်းစားပဲ ပရိသတ်တွေကို သာ အချစ်တွေအကုန်ပေးရင် ပျော်ရွှင်စရာ ကောင်းပြီး လွတ်လပ်တဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးပါ။ အမြဲ ပျော်ရွှင်တက်ကြွနေတဲ့ သူမရဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နေရတဲ့ အပြင် အားပေးမှုတွေကလည်း တစ်စတစ်စ ခိုင်မာလာခဲ့တာပါ။

ယခုဆိုရင် VDay နေ့လေးမှာ ချစ်သူဆီက မဟုတ်ပေမယ့် နန်းကို အရမ်းချစ်ကြတဲ့ ပရိသတ်တွေက ပို့ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းလေးတွေကြောင့် အရမ်းကိုပျော်ရွှင်နေတဲ့ နန်းလေးကိုမြင်တွေ့ရမှာပါ။ သူမချစ်ရတဲ့ ပရိသတ်တွေက သူမအကြိုက်လေးတွေကို အံ့သြရအောင် suprise လုပ်ပေးခဲ့ လို ဗီဒီယိုဖိုင်လေးလုပ်ပြီး ကြွားနေတဲ့ နန်းလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုမြင်တွေ့ရမှာပါ။

Source:Nan Samdar Hla Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။