ဒီလိုယောကျာ်းလေးမျိုးကတော့ မိန်းကလေးတွေရဲ့ စိတ်ကူးယဉ်အိပ်မက်ပဲလား၊ ချစ်သူကောင်မလေးကနေ ပြန်ပြောပြခဲ့တဲ့သူ့အကြောင်းကတော့ ဖတ်ရသူတိုင်းကို စိတ်ကြည်နူးစရာဖြစ်စေမှာ အမှန်ပါပဲ။

Timothy နဲ့ Candice အမည်ရချစ်သူစုံတွဲဟာ ချစ်သူသက်တမ်းသုံးနှစ်ကြာအပြီးမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်မှာ လူအများရဲ့ရင်ကို လှုပ်ရှားစေခဲ့တာကတော့ Tim ရဲ့ Candice ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပုံစံပါပဲ။

Tim ဟာ Candice ကို ချစ်သူသက်တမ်းသုံးနှစ်အတွင်းမှာ စာ၁၄စောင် ရေးသားခဲ့ပါတယ်။ သက်တမ်းသုံးနှစ်ပြည့်ပြီးအချိန်မှာတော့ Tim နဲ့ Candice ဟာ စာတွေကိုတူတူဖတ်တဲ့အချိန်မှာ အံ့ဖွယ်ကြည်နူးစရာကိုတွေ့ရပါတယ်။ ဒါကတော့ စာတစ်စောင်ချင်းစီရဲ့ အစစကားလုံးတွေကို စီလိုက်တဲ့အခါမှာ " Will You Marry Me " ရယ်လို့၊ ကိုယ်နဲ့လက်ထပ်ပေးနိုင်မလားလို့တောင်းဆိုထားတာကို တွေ့ရပါတယ်။

ဒါကိုတွေ့ပြီးနောက် သတိမပြုခဲ့မိတဲ့ Candice ဟာ အံ့သြဝမ်းသာဖြစ်ခဲ့ရပါတယ်။ Candice ဟာ Tim က အရင်ကတည်းက ရိုမန်တစ်ဆန်တဲ့လူဖြစ်ပြီး ဒီလိုမျိုးရှေ့ရေးကိုတွေးပြီး အစီအစဉ်တကျသူမကို အံ့သြအောင် လုပ်တတ်တဲ့သူဖြစ်ကြောင်းကိုလဲ ထပ်မံပြောကြားခဲ့ပါတယ်။ Tim နဲ့ Candice ဟာ ၂၀၀၉ခုနှစ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး ချစ်သူတွေဖြစ်ကြပြီး သုံးနှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပွဲမှာ Tim က Candice အတွက် သူကိုယ်တိုင်ရေးထားတဲ့သီချင်းကို ဆိုပြခဲ့သေးတယ်လို့ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။