ဗြိတိန်နိုင်ငံသူ နီကိုလာဘာ့ခ်တစ်ယောက်ကတော့ Burmese Python ဆိုတဲ့ ပြိုင်ပွဲဝင် နာမည်ခံယူထားသူတစ်ယောက်ပါ။ သူမဟာ ကြိုးဝိုင်းထဲမှာအကြိတ်အနယ်ထိုးသတ်အနိုင်ယူပြီး သူအနိုင်ရတယ်လို့ကြေငြာခံလိုက်ရချိန်မှာ မြန်မာနိုင်ငံကို ကိုယ်ပေါ်လွှမ်းခြုံအောင်ပွဲခံခဲ့သူ နိုင်ငံခြားသူ အမျိုးသမီးတစ်ယောက်ပါ။

သူမဟာ HSBC ဘဏ်ကြီးမှာ ဈေးကွက်မန်နေဂျာအလုပ်ကိုလုပ်ရာမှ ဆုကြေးစား Kick Boxing သမားတစ်ယောက်အဖြစ် ခံယူဖို့ စိတ်ပိုင်းဖြတ်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ နီကိုလာဟာ အားကစားကိုချစ်မြတ်နိုး ၊ နှစ်သက်တဲ့ပြင်းပြတဲ့ ဝါသနာတစ်ခုကြောင့် လက်ရှိအလုပ်မှထွက်ကာ Kick Boxing လောကထဲသို့ ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

သူမဟာ မြန်မာလူမျိုးကပြားမလေးတစ်ယောက်ဖြစ်တာကြောင့် ပြိုင်ပွဲတိုင်းလိုလို မြန်မာနိုင်ငံကယအလံကို လွှင့်ထူပြီး ကြိုးဝိုင်းထဲကို ဝင်ခဲ့တာလို့လည်း သူမကဆိုပါတယ်။ Burmese Python (မြန်မာ့စပါးအုံး) ဆိုတဲ့နာမည်ကိုလည်း သူမရဲ့နည်းပြကပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရဲ့ နောက်ထပ်စပါးအုံးတစ်ယောက်ဖြစ်လာမဲ့ နီကိုလာရဲ့ပြိုင်ပွဲဝင်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - BBC Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။