ONE Championship အဖွဲ့ကကြီးမှူးကျင်းပသည့် MMA ပြိုင်ပွဲများတွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုနှစ်ခုကိုဆွတ်ခူးရရှိထားသည့် မြန်မာနိုင်ငံကိုယ်စားပြုအောင်လအန်ဆန်အနေဖြင့် ယခုနှစ်အတွင်း ၎င်း၏ ချန်ပီယံဆုများအတွက်ကာကွယ်မည့်ပွဲစဉ်များ ထပ်မံယှဉ်ပြိုင်ထိုးသတ်ရမယ်လို့ ONE Championship အဖွဲ့ကထုတ်ပြန်ကြေငြာထားတာပဲ ဖြစ်ပါတယ်။ ထို့ပြင် အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဖ်ဟဲဗီးဝိတ်တန်းချန်ပီယံဆုတို့ကိုရရှိထားသော်လည်း လက်ရှိအချိန်တွင် မစ်ဒယ်ဝိတ်တန်းအတွက်သာ ချန်ပီယံကာကွယ်ပွဲထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။

သူဟာ လာမည့်မတ်လအတွင်း ဂျပန်နိုင်ငံတွင် ကျင်းပမည့် MMA ပြိုင်ပွဲတွင် လိုက်ဖ်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲ အဖြစ်ဖိလစ်ပိုင်နိုင်ငံသား ဗီရာနှင့်ထိုးသတ်ရမည်ဟု ထွက်ပေါ်ခဲ့သော်လည်းပွဲမဖြစ်မြောက်ခဲ့ပဲ မစ်ဒယ်ဝိတ်တန်း ဂန်ဟက်ဆီဂါဝါနှင့် ထပ်မံယှဉ်ပြိုင်ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။

ဒီပွဲပြီးရင်တော့ အခုနှစ်ထဲမှာ အနည်းဆုံးနှစ်ပွဲထိုးသတ်ဖို့ရှိပါတယ်။ ကျွန်တော့ရဲ့ချန်ပီယံဆုကာကွယ်ပွဲတွေကို ဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံကျင်းပမဲ့ ပြိုင်ပွဲတွေမှာထိုးသတ်ဖို့ ONE Championship နဲ့ညှိနှိုင်းထားပါတယ်။ ကျွန်တော့အနေနဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံပွဲတွေ ထိုးသတ်ပြီးမှ လိုက်ဖ်ဟဲဗီးဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲတွေထိုးသတ်သွားမှာပါ ” လို့ အွန်လိုင်းမှတစ်ဆင့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Source - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။