ကာဒစ်ဖ်အသင်းသို့နန်းတက်စ်မှ ပေါင် ၁၅ သန်းဖြင့်ပြောင်းရွေ့ခဲ့တဲ့ဆာလာကတော့သဘောတူစာချုပ်ချုပ်ဆိုပြီး သုံးရက်အကြာမှာတော့လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးခဲ့ရပါတယ်။ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နန်းတက်စ်မြို့မှ ကာဒစ်ဖ် မြို့သို့လေယာဉ်ငယ်ဖြင့် အပြန် လေယာဉ်ပျက်ကြပြီး သေဆုံးခဲ့သော အာဂျင်တီးနားတိုက်စစ်မှူး အီမီလီယာနိုဆာလာရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဒိုးဆက်မြို့မှ အာဂျင်တီးနားနိုင်ငံသို့လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်လာခဲ့ပါပြီ။

သူသေဆုံးသွားတဲ့အချိန်မှာသူဟာဘောလုံးလောကရဲ့အအောင်မြင်ဆုံးအချိန်ရောက်နေတာကြောင့်ပရိသတ်တွေဝမ်းနည်းခဲ့ရတာပါ။ယနေ့တိုင်ထိဆုတောင်းမှုတွေလုပ်ပေးနေကြတုန်းပဲဖြစ်ပါတယ်။ဆာလာရဲ့အဖြစ်ဆိုးအတွက်သူကိုချစ်ရတဲ့သူတွေကယနေ့တိုင်ဝမ်းနည်းပူဆွေးနေကြတုန်းပဲဖြစ်ပါတယ်။

ဆာယာကိုယနေ့ထိတိုင်မျှော်နေတဲ့သူတွေထဲမှာဆာလာရဲ့ချစ်သူလည်းအပါအဝင်ပဲဖြစ်ပါတယ်။သူ့ရဲ့ချစ်သူကတော့အကြီးအကျယ်ဝမ်းနည်းထိခိုက်နေရင်းနဲ့ပဲဆုတောင်းပေးနေရတာဖြစ်ပါတယ်။ခုမှာတော့ဆာလာရဲ့နာမည်လေးကိုလက်မှာတက်တူးရေးထိုးပြီးဘယ်တော့မှမမေ့နိုင်မယ့်ချစ်သူအတွက်အမှတ်တရရေးထိုးခဲ့တာပါ။ပရိသတ်တွေလည်းအဆိုပါပုံရိပ်လေးတွေကိုကြည့်ပြီးဝမ်းနည်းနေရပါတယ်။တစ်ချိန်ကသူတို့ချစ်သူနှစ်ယောက်ပျော်ရွှင်ခဲ့တဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးဆာလာမတွက်ဆုတောင်းပေးကြရအောင်နော်။

Source:Mirror Sport 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။