အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်ကို ပရိတ်သတ်တွေ အခုချိန်ထိချစ်နေကြအုံးမှာပါ။တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များလာကာ ယနေ့ချိန်ထိကိုအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေအချစ်တော်ဖြစ်တဲ့ခင်လှိုင်ရဲ့ ဟာသဇာတ်ဝင်ခန်း အချို့ဟာဆိုရင်လည်းရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။ 

ပရိသတ်တွေရဲ့ အသည်းကျော်အနပညာရှင်ကြီး ခင်လှိုင်ကတော့ အောင်မြင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဇာတ်ရုပ်အမျိုးမျိုး သရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပြီး စွယ်စုံရပြည်သူချစ် ဟာသသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ခင်လှိုင်တစ်ယောက် သူချစ်တဲ့ အနပညာလေးနဲ့ နှမ်းမနဲအောင်ပွဲမှာ ပါဝင်လှူဒါန်းခဲ့ပါတယ်။ ခင်လှိုင်ကတော့ " ဒီနေ့ ၄၁ ကြိမ်မြောက်နှမ်းမနဲအောင်ပွဲမှာကျွန်တော်ရဲ့အနုပညာနဲ့ အုပ်တစ်ခြပ်သဲတစ်ပွင့်ပါဝင်လှုဒါန်းခဲ့ပါတယ်အလွန်လေးစားပြီးချစ်စရာကောင်းတဲ့

အဖေကြီးတိမ်ကြားနဲ့တွေ့ဆုံခဲ့ပါတယ် အဖေကြီး သာသနာအကျိုးတွေသက်ထက်ဆုံးထမ်းဆောင်နိုင်ပါစေ" ဆိုပြီးရေးသားထားပါတယ်။

source:ခင်လှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။