မန်ယူအသင်းမှ တိုက်စစ်မှူးများဖြစ်ကြသော မာရှယ်နှင့်လင်ဂတ်တို့ဟာ ပီအက်စ်ဂျီကိုနှစ်ဂိုးပြတ်ရှုံးသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဖမအကျော့ပွဲတွင်ရသည့် ဒဏ်ရာများကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်ညတွင် ချယ်လ်ဆီးနှင့်ကစားရမည့် FA ဖလားပဉ္စမအဆင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

နှစ်ဦးစလုံးကြွက်သားဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီးအလွန်ဆိုးရွားသော ဒဏ်ရာများမဟုတ်သော်လည်း ချယ်လ်ဆီးနှင့်ပွဲတွင်သာမကဖေဖော်ဝါရီ ၂၅ ရက်တွင် ကစားရမည့် လီဗာပူးနှင့်ပွဲကိုပါ လွဲချော်နိုင်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

လင်ဂတ်နှင့်မာရှယ်တို့မကစားနိုင်လျှင် မန်ယူတိုက်စစ်မှာ အခက်တွေ့ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူးလူကာကူဂိုးမသွင်းနိုင်သည်မှာ ခြောက်ပတ်ရှိနေပြီး ဆန်းချက်ဇ်သည်လည်း ယခုရာသီတွင်တစ်ဂိုးသာသွင်းထားနိုင်တာပဲ ဖြစ်ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။