အိန္ဒိယနိုင်ငံကကျင်းပတဲ့လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆုံးဗိုလ်လုပွဲမှာတော့မြန်မာအသင်းနဲ့နီပေါအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ဒီပွဲအပြီးမှာတော့မြန်မာအသင်းကနီပေါအသင်းကို(၃-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးချန်ပီယံဆုဖလားကြီးကိုအမိမြေကိုသယ်ဆောင်လာနိုင်ခဲ့ပါပြီ။

ဒီပြိုင်ပွဲမှာအိမ်ရှင်အိန္ဒိယအပါအဝင်နီပေါ၊အီရန်နဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းတို့ပါဝင်ကစားခဲ့ကြာတာပါ။အောင်ပွဲတွေဆုဖလားတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်တာ့၂၀၁၉နှစ်အစဟာအောင်မြင်မှုတွေနဲ့ပြည့်ခဲ့ပါပြီ။၄ပွဲကစားပြီးရှုံးပွဲမရှိပေးဂိုးတစ်ဂိုးသာပေးခဲ့ရတဲ့မြန်မာအသင်းအတွက်တော့ကျေနပ်စရာရလဒ်ပဲဖြစ်ပါတယ်။

မြန်မာအသင်းဟာထိုပြိုင်ပွဲမှာဆုဖလားကိုဆွတ်ခူးနိုင်ရုံသာမကတစ်ခြားဆုတွေကိုပါအကုန်သိမ်းပိုက်ခဲ့တာပါ။အောင်မြင်မှုတွေယူခဲ့တဲ့မြန်မာအသင်းကတော့ဒီနေ့မွန်းလဲ၁၂နာရီလောက်ကအမိမြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ပါတယ်။အောင်ပွဲရမြန်မာအသင်းကိုပရိသတ်တွေသာမကအနုပညာရှင်တွေကပါတစ်ခဲနက်အားပေးကြိုဆိုခဲ့ကြတာပါ။Hero Gold Cup ချန်ပီယံမြန်မာအသင်းကိုဆုကြေးငွေသိန်း၅၅၀လည်းချီးမြှင့်ခံရပြီးအောင်ပွဲရမြန်မာအသင်းကိုကြိုဆိုတဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။