ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေအခိုင်အမာနဲ့ အနုပညာခြေလှမ်းတွေကို အင်ပြည့်အားပြည့်နဲ့ လျှောက်လှမ်းလျက်ရှိတဲ့ လူငယ်မင်းသားချောလေးအိစိကွေးဆိုတာပရိတ်သတ်တွေရဲ့အသည်းကျော်လေးတစ်ယောက်ပါပဲနော်။ငယ်ငယ်ကတည်းက အရမ်းကိုပဲ သရုပ်ဆောင်ကောင်လွန်းခဲ့တဲ့ ကလေးလေးလည်းဖြစ်တာကြောင့် အချစ်ပိုနေခဲ့ရတာပါ။

ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက်ပြီးကြီးပြင်းလာခဲ့တဲ့ အိစိကွေးတစ်ယောက်ဟာ အခုအချိန်မှာဆိုရင် အနုပညာအလုပ်တွေကနု ဇောက်ချလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်နော်။ အဆိုပိုင်းမှာလည်းထူးချွန် သရုပ်ဆောင်ပိုင်း ပညာရေးစတဲ့ အပိုင်းတွေမှာလည်း ထူးချွန်အောင်မြင်သူတစ်ယောက်ဖြစ်တဲ့အပြင် အခုတစ်ခါမှာလည်း ဇာတ်လမ်း ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးပြီး ရုပ်ရှင် ဇာတ်လမ်းအဖြစ်အသက်သွင်းနိုင်ဖို့ကြိုစားနေခဲ့ပါတယ်နော်။

အဘက်ဘက်မှာပြည့်စုံကောင်းမွန်ဖို့ ကြိုးစားနေခဲ့တဲ့ အိစိကွေးလေးဟာ အလုပ်တွေ စာတွေနဲ့မအားတဲ့ကြားက သူရဲ့ ပထမဆုံးဇာတ်လမ်းလေးတစ်ပုဒ်ကို ဇာတ်ညွှန်းလေးရေးသားခဲ့တာဆိုရင်အခုအချိန်မှာပြီးစီးသွားခဲ့ပါပြီ။ အ ချိန်ကတော့ တစ်လနီးပါးလောက်ကိုကြာခဲ့ပါတယ်။ သူ့ရဲ့အနုပညာအတွေ့အကြုံတွေ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ အသက်သွင်းထားတဲ့ The Lovers (ချစ်သူများ)လို့အမည်ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဒီဇာတ်လမ်းလေးကို ရုပ်ရှင်ဇာတ်ကားအဖြစ်နဲ့ ရုပ်လုံးပေါ်လာဖို့အတွက်ကြိုးစားနေပါတယ်လို့လည်း ပရိတ်သတ်တွေကိုပြောပြထားပါတယ်နော်။ ကဲ...ဒီလိုထူးချွန်တဲ့ ကလေးကိုပိုင်ဆိုင်ထားရတဲ့မိဘတွေများ ဘယ်လောက်တောင်ကံကောင်းလိုက်မလဲ ချစ်ပရိတ်သတ်ကြီးရေ...။

Source:Eisi kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။