ချစ်ပရိတ်သတ်ကြီးရေ... နာမည်ကျော်ဟာသပညာရှင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ဆိုတာပရိတ်သတ်ကြီးရဲ့အချစ်တော်တစ်ယောက်ပါနော်။ ဇာတ်သဘင်လောက်မှာကော သရုပ်ဆောင်အနုပညာလောကမှာပါထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ဒါရိုက်တာ တစ်ယောက်အဖြစ်နဲ့ လည်း အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူတစ်ယောက်ပါပဲ။

ပရိတ်သတ်တွေတဝါးဝါး တဟားဟားနဲ့ အူတက်ရယ်မောစေမယ့် ပြတ်လုံးတွေကို ဖန်တီးတဲ့နေရာမှာလည်း တကယ်ပါရမီရှိတဲ့ လူရွှင်တော်တစ်ယောက်ဖြစ်ပြီးတော့ အချစ်အမုန်းအလွမ်း နဲ့ ဇာတ်ကြမ်းတွေမှာလည်း ပရိတ်သတ်တွေသဘောတွေ့နေရတဲ့အနုပညာရှင်တစ်ယောက်ပါပဲနော်။ လက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကို မရေမတွက်နိုင်အောင်ရိုက်ကူးအောင်မြင်ခဲ့ပြီးပါပြီနော်။

ခင်လှိုင်ဟာ အနုပညာအလုပ်တွေကိုလည်းကြိုစားသလောက် ရတဲ့အနုပညာကြေးလေးတွေကိုလည်းတစ်နိုင်တစ်ပိုင်နဲ့ အလှူအတန်းလေးတွေလုပ်ပြီးကုသိုလ်ယူလေ့ရှိပါတယ်နော်။အခုတစ်ခါမှာလည်း (၄၁)ကြိမ်မြောက်နှမ်းမနဲအောင်ပွဲ အလှူတော်မှာလည်း မိမိနဲ့ချွေးနဲစာလေးနဲ့ အုတ်တစ်ချပ်သဲတစ်ပွင့် ကုသိုလ်အလှူတော်ပါဝင်ခဲ့ပါတယ်နော်။ နောင်ဘဝအတွက်ပါမယ့်အလှူလေးတွေကို လုပ်ပြီးကုသိုလ်ကောင်းမှုတွေပြုနေခဲ့တဲ့ ခင်လှိုင်တို့မိသားစုပုံရိပ်လေးတွေကမု ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။