ချစ်ပရိတ်သတ်ကြီးရေ... မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်ပြီး သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ အခုနောက်ပိုင်းမှာတော့ သူမဟာ သရုပ်ဆောင်လောကထဲကို အခြေချလာနေတာကိုလည်းတွေ့ရပါတယ်နော်။

သူမဟာ လူကောင်သေးသေးလေးဆိုပေမယ့် ပုရိသတွေ တဖြုတ်ဖြုတ်နဲ့ကြွေဆင်းသွားရလောက်တဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်နော်။ဒါ့အပြင် ပရိတ်သတ်တွေရင်ကိုဆွဲကိုင်လှုပ်နိုင်တဲ့သံစဉ်လေးတွေကို သီဆိုတတ်တဲ့အသံချိုချိုလေးတွေကိုလည်းပိုင်ဆိုင်ထားသူလေးပါနော်။

အခုတစ်ခါမှာတော့သူမဟာ သူငယ်ချင်းတွေနဲ့ အတူတူစိတ်ပြေလက်ပျောက် Winterland Music Festival ပွဲကိုသွားရောက်ကာ သူမရဲ့ အလုပ်ကိစ္စတွေ လူမှုရးကိစ္စတွေကိုမေ့ထားပြီး အမိုက်စားEDMသံစဉ်တွေနဲ့အတူ ကခုန်နေခဲ့ပါတယ်နော်။ အမိုက်စားဖက်ရှင်ကို Sexyကျကျဝတ်ထားတာကြောင့် ပွဲကိုလာတဲ့ပရိတ်သတ်တွေကတောင်လည်ပြန်ငေးပြီး ဒဲ့ကြွေခဲ့ရပါတယ်နော်။ကဲ... အိမ့်ထရက်သျှာတစ်ယောက်သူငယ်ချင်းတွေနဲ့အတူတူ ပွဲမှာအပြတ်အသတ်ကဲနေတဲ့ ပုံရိပ်လေးတွေနဲ့ Videoဖိုင်လေးကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။