ဟာသရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ K ညီကတော့ ဇာတ်ကားတစ်ကားရဲ့ အဓိကဇာတ်ပို့၊ ဇာတ်ရံနေရာကနေ အပီပြင် အပြောက်မြောက်ဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့ရတဲ့ K ညီက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ K ညီက ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရယ်မောပျော်ရွှင်စေဖို့ အကောင်းဆုံး သရုပ်ဆောင်လေ့ရှိတာလည်း ဖြစ်ပါတယ်။

K ညီက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း ဟာသဗီဒီယိုလေးတွေကို အမြဲလိုလို တင်ပေးလေ့ရှိတာဖြစ်ပြီး အခုလည်း အူတက်အောင်ရယ်ရမယ့် ဗီဒီယိုဖိုင်လေးကို တင်ထားပါတယ်။ K ညီက လတ်တလောမှာ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ "ဝက်ဝက်ကွဲအောင်ပွင့်" ရုပ်ရှင်ဇာတ်ကားကြီးထဲက သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ အိုက်တင်အတိုင်း Tik Tok မှာ ပြန်လည်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ရုပ်ပြောင်လုပ်တတ်တဲ့ K ညီတစ်ယောက် မတူညီတဲ့ပုံစံတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် အခွီတလိုင်း သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဝက်ဝက်ကွဲအောင်ပွင့်နေတဲ့ K ညီရဲ့ Tik Tok ဗီဒီယိုလေးကတော့ ပရိသတ်တွေကြားမှာ လူကြည့်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟာသသရုပ်ဆောင် K ညီရဲ့ အခွီတလိုင်း ဟာသဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:David K Nyi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။