Justin Bieber တစ်ယောက်ကတော့ ခုချိန်မှာ သူရဲ့ကျန်းမာရေးကအခြေအနေက ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေးကောင်းမွန်လာတာနဲ့ သူဟာလန်းဆန်းတက်ကြွအောင် GYM ကစားနေပါတယ်။ သူဟာ GYM ကိုသူ့ရဲ့ပါတနာနဲ့အတူ ကစားခဲ့ပြီး သူဟာ အကျီၤတောင်မဝတ်ထားပါဘူး....အာ့ကြောင့် သူခန္ဓာကိုယ်ပေါ်က တက်တူး တွေကိုမြင်တွေ့နိုင်မှာပါ။ ကြိုးဝိုင်းထဲမှာ နှစ်ယောက်ကတော့ boxing ကိုကစားနေတာတွေ့ရမှာပါ။ 

အဲ့လိုသူကစားနေချိန်မှာ သူ့ရဲ့မိန်းမဖြစ်သူ Hailey ကလဲသူ့ဆိကို လာခဲ့ပြီး ကြိုးဝိုင်းအပြင်ဘက်မှာ သူ့တို့နှစ်ယောက်ကတော့ ချစ်ကြည်နူးနေကြပါတယ်။ အာ့ကိုကြည့်ချင်းအားဖြင့် သူမိန်းမဖြစ်သူ Hailey ဟာ Justin ရဲ့ စိတ်ကျရောဂါကို သက်သာပျောက်ကင်းအောင် အနားမှာလာလာပြီး အချိန်ပေးတာကိုတွေ့ရှိနိုင်ပြီး JB ဟာဆိုရင်လဲ ခုချိန်မှာ အရမ်းပျော်နေတာကိုတွေ့ရှိရပါတယ်။ အဲ့အပြင် ခုရက်ပိုင်းတွေအတွင်းမှာလဲ သူဟာသူ့ရဲ့ရင်းနှီတဲ့သူတွေနဲ့အတူ စိတ်ကျရောဂါကိုလဲ ကုစားခဲ့ပါသေးတယ်။ 

Fashion Model Hailey ဟာ JB ရဲ့စိတ်ကျရောဂါကို ပြန်လည်ကောင်းမွန်လာစေရန် လုပ်ပေးတဲ့သူတွေထဲက အဓိကလူတစ်ယောက်ဖြစ်ပါတယ်။ JB ရဲ့အိပ်ချိန်လွန်တာတွေ၊ ပုံမှန်ထက်ပိုအိပ်တာတွေ နဲ့ မနက်ပိုင်းတွေမှာ ထရင်အခတ်တွေတာတွေ စသဖြင့်သူမပဲ အကုန်လိုက်လုပ်ပေးခဲတာပါ။ အတွင်းလူတွေက " ဟုတ်ပါတယ်....သူမဟာ JB ရဲ့ကျန်းမာရေးကို အလုပ်တွေကိုဖျက်ပြီး အချိန်ပေးကာ အနီးကပ်ကြည့်ရှူစောင့်ရှောက်ပေးတဲ့အချိန်တွေ ရှိပါတယ်...သူတို့က လင်မယားတွေမို့လို့လာတော့မသိဘူး ခုလိုမျိုးတွေ လုပ်ပေးနိုင်တာ...ဘာပဲဖြစ်ဖြစ်ပါ Hailey ကတော့ကြိုးကြိုးစားစား ကုသပေးနေပါတယ် " လို့ပြောကြားခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။